spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ဆီးဂိမ်းစ် ဝူရှူးပြိုင်ပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ

ဆီးဂိမ်းစ် ဝူရှူးပြိုင်ပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ

 

၂  ဒီဇင်ဘာ

 

ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် ၂၀၁၉ ဆီးဂိမ်းစ်ပြိုင်ပွဲ၏ ဝူရှူးပြိုင်ပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းနှင့် ညနေပိုင်းက မနီလာမြို့ရှိ World Trade Center ၌ ဆက်လက်ကျင်းပသည်။ မြန်မာဝူရှူးအဖွဲ့သည် ဒုတိယနေ့တွင် ဆန်းဆိုပြိုင်ပွဲ၌ ကြေးတံဆိပ်နှစ်ခု ရယူနိုင်ခဲ့သည်။

 

နံနက်ပိုင်းတွင် ထောက်လုပွဲစဉ်များ ဆက်လက်ကျင်းပခဲ့ပြီး အမျိုးသားထိုက်ချိကျန့်ပြိုင်ပွဲတွင် ငြိမ်းချမ်းကိုကို (မြန်မာ) သည် ၉ ဒသမ ၃၈ မှတ်ဖြင့် အဆင့် (၇) သာရခဲ့ပြီး မလေးရှားက ရွှေတံဆိပ်၊ ဖိလစ်ပိုင်က ငွေတံဆိပ်နှင့် ဘရူနိုင်းက ကြေးတံဆိပ်ရခဲ့သည်။ အမျိုးသား နန်းတောင်း+နန်းကွန့်ပြိုင်ပွဲနှစ်ခုပေါင်း၏ ဒုတိယပွဲဖြစ်သော နန်းကွန့်ပြိုင်ပွဲတွင် မြန်မာကစားသမား သိန်းသန်းဦး ဝင်ရောက်ယှဉ်ပြိုင်ရာ စုစုပေါင်း ၁၉ ဒသမ ၂၂၀ မှတ်ဖြင့် အဆင့် (၄) သာရခဲ့ပြီး ဘရူနိုင်းက ရွှေတံဆိပ်၊ အင်ဒိုနီးရှားက ငွေတံဆိပ်၊ ဗီယက်နမ်က ကြေးတံဆိပ်ရခဲ့သည်။ အမျိုးသား တောင်းစု+ ကွန့်စုပြိုင်ပွဲနှစ်ခုပေါင်း၏ ပထမပွဲစဉ်ဖြစ်သော တောင်းစုပြိုင်ပွဲတွင် မြန်မာကစားသမား မျိုးမင်းကြီးက ၉ ဒသမ ၅၄ မှတ်ဖြင့် အဆင့် (၈) နေရာတွင် ရပ်တည်နေသည်။

 

ညနေပိုင်းတွင် ဆန်းဆို (အတိုက်) ပွဲစဉ်များ ဆက်လက်ကျင်းပခဲ့ပြီး အမျိုးသား ၄၈ ကီလိုတန်းတွင် အောင်မျိုးထွန်းနှင့် အမျိုးသား ၆၅ ကီလိုတန်းတွင် ချစ်ကိုကိုတို့မှာ ဆီမီးဖိုင်နယ်တွင် အရေးနိမ့်ပြီး ပူးတွဲကြေးတံဆိပ်များ ရရှိခဲ့သည်။

 

သတင်း-ညီမြတ်သော်တာ


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%86%E1%80%AE%E1%80%B8%E1%80%82%E1%80%AD%E1%80%99%E1%80%BA%E1%80%B8%E1%80%85%E1%80%BA-%E1%80%9D%E1%80%B0%E1%80%9B%E1%80%BE%E1%80%B0%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%92%E1%80%AF%E1%80%90%E1%80%AD%E1%80%9A%E1%80%94%E1%80%B1%E1%80%B7-%E1%80%86%E1%80%80%E1%80%BA%E1%80%9C%E1%80%80%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95