spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မြန်မာ့လက်ရွေးစင် ဘော်လီဘောကစားသမား အောင်သူ ဒဏ်ရာကြောင့် ဆီးဂိမ်းလက်ကျန်ပွဲများ လွဲချော်မည်

မြန်မာ့လက်ရွေးစင် ဘော်လီဘောကစားသမား အောင်သူ ဒဏ်ရာကြောင့် ဆီးဂိမ်းလက်ကျန်ပွဲများ လွဲချော်မည်

၄  ဒီဇင်ဘာ

ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် မြန်မာ့လက်ရွေးစင် ဘော်လီဘော အသင်းခေါင်းဆောင် အောင်သူသည် ဒီဇင်ဘာ ၄ ရက်က ကစားသည့် စင်ကာပူနှင့် အုပ်စုပထမပွဲတွင် ရရှိခဲ့သည့် ဒဏ်ရာကြောင့် လက်ကျန်ပွဲများကို လွဲချော်တော့မည်ဖြစ်သည်။

အောင်သူသည် စင်ကာပူနှင့် ယှဉ်ပြိုင်ခဲ့သည့်ပွဲတွင် တတိယပွဲငယ်၌ ညာဘက်ခြေချင်းဝတ်ဒဏ်ရာရကာ ဆေးရုံသို့ ချက်ချင်းပို့ဆောင်ခဲ့ရပြီး ဆေးစစ်ချက်များအရ ဒဏ်ရာဟောင်းကို ပြန်လည်ထိခိုက်မိခဲ့သောကြောင့် တစ်ပတ်နှင့်အထက် အနားယူရမည်ဖြစ်သည်။ ဆီးဂိမ်းဘော်လီဘောပြိုင်ပွဲကို ဒီဇင်ဘာ ၁၀ ရက်အထိ ကျင်းပမည်ဖြစ်ရာ အောင်သူအနေဖြင့် လက်ကျန်ပွဲအားလုံးကိုလွဲချော်ရတော့မည်ဖြစ်သည်။

အောင်သူသည် မြန်မာ့လက်ရွေးစင်အသင်း၏ အဓိကကစားသမားတစ်ဦးဖြစ်ပြီး ၎င်းဒဏ်ရာရခဲ့သောကြောင့် မြန်မာဘော်လီဘောအသင်းအတွက် ကြီးမားသည့် ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့ရသည်။

သတင်း-ညီမြတ်သော်တာ၊ ဓာတ်ပုံ - စိုးညွန့် (ခေတ္တ-မနီလာ)


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%B7%E1%80%9C%E1%80%80%E1%80%BA%E1%80%9B%E1%80%BD%E1%80%B1%E1%80%B8%E1%80%85%E1%80%84%E1%80%BA-%E1%80%98%E1%80%B1%E1%80%AC%E1%80%BA%E1%80%9C%E1%80%AE%E1%80%98%E1%80%B1%E1%80%AC%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9E%E1%80%99%E1%80%AC%E1%80%B8-%E1%80%A1%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%9E%E1%80%B0-%E1%80%92%E1%80%8F%E1%80%BA%E1%80%9B%E1%80%AC%E1%80%80%E1%80%BC%E1%80%B1%E1%80%AC%E1%80%84%E1%80%B7%E1%80%BA-%E1%80%86%E1%80%AE%E1%80%B8%E1%80%82%E1%80%AD%E1%80%99%E1%80%BA%E1%80%B8%E1%80%9C%E1%80%80%E1%80%BA%E1%80%80%E1%80%BB%E1%80%94%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%99%E1%80%BB%E1%80%AC%E1%80%B8-%E1%80%9C%E1%80%BD%E1%80%B2%E1%80%81%E1%80%BB%E1%80%B1%E1%80%AC%E1%80%BA%E1%80%99%E1%80%8A%E1%80%BA