spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ဆီးဂိမ်း အလေးမပြိုင်ပွဲ နောက်ဆုံးနေ့ ဆက်လက်ကျင်းပ

ဆီးဂိမ်း အလေးမပြိုင်ပွဲ နောက်ဆုံးနေ့ ဆက်လက်ကျင်းပ

 

၄  ဒီဇင်ဘာ

 

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ကျင်းပလျက်ရှိသည့် ဆီးဂိမ်းအလေးမပြိုင်ပွဲ နောက်ဆုံးနေ့ကို ယနေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ပြီး မြန်မာကစားသမားနှစ်ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲနောက်ဆုံးနေ့တွင် ၇၁ ကီလိုတန်း အမျိုးသမီးပြိုင်ပွဲနှင့် ၇၃ ကီလိုတန်း အမျိုးသားပြိုင်ပွဲတို့ ကျင်းပခဲ့ပြီး မြန်မာကစားသမားနှစ်ဦးစလုံး ဆုတံဆိပ်နှင့် လွဲချော်ခဲ့သည်။

 

(၇၁) ကီလိုတန်း အမျိုးသမီးပြိုင်ပွဲတွင် မြန်မာမှ ဇင်မာအေး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အဆင့်(၅) နေရာသာရခဲ့ပြီး ဖိလစ်ပိုင်က ရွှေတံဆိပ်၊ ဗီယက်နမ်က ငွေတံဆိပ်၊ အင်ဒိုနီးရှားက ကြေးတံဆိပ်ရရှိခဲ့သည်။ ၇၃ ကီလို အမျိုးသားပြိုင်ပွဲတွင် မြန်မာကစားသမား ကျော်မိုးဝင်းသည် အဆင့်(၄)နေရာဖြင့်သာ ကျေနပ်ခဲ့ရပြီး အင်ဒိုနီးရှားက ရွှေတံဆိပ်၊ ဗီယက်နမ်က ငွေတံဆိပ်၊ မလေးရှားက ကြေးတံဆိပ်ရရှိခဲ့သည်။

 

အလေးမပြိုင်ပွဲ ပြီးဆုံးသွားပြီဖြစ်ပြီး မြန်မာအလေးမအဖွဲ့သည် ငွေတံဆိပ်တစ်ခုသာရခဲ့သည်။ ယင်းရှိခဲ့သည့် ငွေတံဆိပ်ကို ပြည့်ပြည့်ဖြိုးက ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ၊  ဓာတ်ပုံ-စိုးညွန့် (ခေတ္တ-မနီလာ)


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%86%E1%80%AE%E1%80%B8%E1%80%82%E1%80%AD%E1%80%99%E1%80%BA%E1%80%B8-%E1%80%A1%E1%80%9C%E1%80%B1%E1%80%B8%E1%80%99%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%94%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%86%E1%80%AF%E1%80%B6%E1%80%B8%E1%80%94%E1%80%B1%E1%80%B7-%E1%80%86%E1%80%80%E1%80%BA%E1%80%9C%E1%80%80%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95