spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ဆီးဂိမ်းစ်ကြက်တောင်ပြိုင်ပွဲ တစ်ဦးချင်းပြိုင်ပွဲတွင် မြန်မာကစားသမားနှစ်ဦး ကွာတားဖိုင်နယ် တက်ရောက်

ဆီးဂိမ်းစ်ကြက်တောင်ပြိုင်ပွဲ တစ်ဦးချင်းပြိုင်ပွဲတွင် မြန်မာကစားသမားနှစ်ဦး ကွာတားဖိုင်နယ် တက်ရောက်

 

၅  ဒီဇင်ဘာ

၂၀၁၉ ဆီးဂိမ်းစ်ကြက်တောင်ပြိုင်ပွဲ၏ တစ်ဦးချင်းနှင့် နှစ်ယောက်တွဲပြိုင်ပွဲ ပထမအဆင့်ပွဲစဉ်များကို ယနေ့နံနက်ပိုင်းမှစ၍ ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပရာ မြန်မာကစားသမားနှစ်ဦး ကွာတားဖိုင်နယ် တက်ရောက်သွားသည်။

 

တစ်ဦးချင်းအမျိုးသမီးပြိုင်ပွဲတွင် သက်ထားသူဇာ၊ အမျိုးသားပြိုင်ပွဲတွင် ဖုန်းပြည့်နိုင်တို့ ပထမအဆင့် တွင် နိုင်ပွဲရယူပြီး ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် မြန်မာကစားသမားနှစ်ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ သက်ထားသူဇာက မလေးရှားကစားသမားကို အနိုင်ရခဲ့သော်လည်း တွယ်တာဦးမှာမူ စင်ကာပူကစားသမားကို အရေးနိမ့်ခဲ့သည်။

သက်ထားသူဇာသည် မလေးရှားကစားသမား ဆိုနီယာကို အနိုင်ရခဲ့ခြင်းဖြစ်ပြီး တတိယပွဲငယ်တွင် ပြိုင်ဘက်ကစားသမား အရှုံးပေးခဲ့သောကြောင့် ပွဲမပြီးခင် အနိုင်ရခဲ့ခြင်းဖြစ်သည်။ သက်ထားသူဇာသည် ပထမပွဲငယ်တွင် ၁၈-၂၁ မှတ်ဖြင့် အရေးနိမ့်ခဲ့သော်လည်း ဒုတိယပွဲငယ်တွင် ပုံမှန်လက်စွမ်းပြရကာ ၂၁-၁၅ မှတ်ဖြင့် ပြန်လည်အနိုင်ရခဲ့သည်။ တတိယပွဲငယ်တွင်လည်း ဆက်တိုက်ဦးဆောင်ခဲ့ပြီး ၁၂-၅ မှတ်ဖြစ်နေချိန်တွင် ပြိုင်ဘက်ကစားသမားက အရှုံးပေးခဲ့ခြင်းဖြစ်သည်။ တွယ်တာဦးမှာမူ စင်ကာပူကစားသမားကို အရေးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။ သက်ထားသူဇာသည် ကွာတားဖိုင်နယ်တွင် အင်ဒိုနီးရှားကစားသမားနှင့် တွေ့ဆုံနေသည်။ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် ဖုန်းပြည့်နိုင်မှာမူ ကမ္ဘောဒီးယားကစားသမားကို နှစ်ပွဲ-တစ်ပွဲဖြင့် အနိုင်ယူပြီး ကွာတားဖိုင်နယ် တက်ရောက်သွားသည်။

 

အောင်မျိုးမျိုးထူးမှာမူ ဖိလစ်ပိုင်ကစားသမားကို နှစ်ပွဲပြတ်အရေးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခဲ့ရပြီး အမျိုးသား+အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲတွင် ဟိန်းစည်သူတိုးနှင့် တွယ်တာဦးအတွဲမှာ ထိုင်းအတွဲကို အရေးနိမ့်ခဲ့သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်(ခေတ္တ-မနီလာ)


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%86%E1%80%AE%E1%80%B8%E1%80%82%E1%80%AD%E1%80%99%E1%80%BA%E1%80%B8%E1%80%85%E1%80%BA%E1%80%80%E1%80%BC%E1%80%80%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%90%E1%80%85%E1%80%BA%E1%80%A6%E1%80%B8%E1%80%81%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9E%E1%80%99%E1%80%AC%E1%80%B8%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%A6%E1%80%B8-%E1%80%80%E1%80%BD%E1%80%AC%E1%80%90%E1%80%AC%E1%80%B8%E1%80%96%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%94%E1%80%9A%E1%80%BA