spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မြန်မာဂျူဒိုအဖွဲ့ ငွေတစ်ခုနှင့် ကြေးတစ်ခု ထပ်မံရရှိ

မြန်မာဂျူဒိုအဖွဲ့ ငွေတစ်ခုနှင့် ကြေးတစ်ခု ထပ်မံရရှိ

၅ ဒီဇင်ဘာ

ဆီးဂိမ်ဂျူဒိုပြိုင်ပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းမှစ၍ ကျင်းပရာ မြန်မာဂျူဒိုအဖွဲ့ ငွေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်တစ်ခုစီ ထပ်မံရယူနိုင်ခဲ့သည်။

မြန်မာဂျူဒိုအဖွဲ့အတွက် ငွေတံဆိပ်ဆုကို အမျိုးသမီး - ၅၂ ကီလို တန်းပြိုင်ပွဲတွင် ခင်ခင်စုက ရယူပေးခဲ့ခြင်းဖြစ်ပြီး ကြေးတံဆိပ်ဆုကို အမျိုးသား - ၆၆ ကီလိုတန်းပြိုင်ပွဲတွင် အောင်ဇေယျာထွန်းက ရရှိခဲ့သည်။ ခင်ခင်စုသည် ကွာတားဖိုင်နယ် အိမ်ရှင်ဖိလစ်ပိုင်ကစားသမားကို ကျော်ဖြတ်နိုင်ခဲ့ပြီး ဆီမီးဖိုင်နယ်တွင်လည်း စင်ကာပူကစားသမားကို ထပ်မံအနိုင်ရခဲ့သည်။

ထို့ကြောင့် ဗိုလ်လုပွဲယှဉ်ပြိုင်ကစားခွင့်ရသော်လည်း ထိုင်းကစားသမားကို ရှုံးနိမ့်သဖြင့် ငွေတံဆိပ်ဆုဖြင့်သာ ကျေနပ်ခဲ့ရခြင်းဖြစ်သည်။ အောင်ဇေယျာထွန်းမှာလည်း ကွာတားဖိုင်နယ်တွင် ထိုင်ကစားသမားကို အနိုင်ရကာ ဆီမီးဖိုင်နယ်တွင် အင်ဒိုနီးရှားကစားသမားကို ရှုံးနိမ့်သဖြင့် တတိယလုပွဲ ယှဉ်ပြိုင်ကစားခဲ့ရ သည်။ ယင်းပွဲတွင် အောင်ဇေယျာထွန်းက မလေးရှားကစားသမားကို အနိုင်ယူကာ မြန်မာဂျူဒိုအဖွဲ့အတွက် ကြေးတံဆိပ်ရယူ ပေးခဲ့ခြင်းဖြစ်သည်။

ဂျူဒိုပြိုင်ပွဲ ဒုတိယနေ့အပြီးတွင် မြန်မာအားကစားအဖွဲ့က ငွေတစ်ခု၊ ကြေး နှစ်ခုရရှိထားသည်။

သတင်း- ညီမြတ်သော်တာ


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%82%E1%80%BB%E1%80%B0%E1%80%92%E1%80%AD%E1%80%AF%E1%80%A1%E1%80%96%E1%80%BD%E1%80%B2%E1%80%B7-%E1%80%84%E1%80%BD%E1%80%B1%E1%80%90%E1%80%85%E1%80%BA%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA-%E1%80%80%E1%80%BC%E1%80%B1%E1%80%B8%E1%80%90%E1%80%85%E1%80%BA%E1%80%81%E1%80%AF-%E1%80%91%E1%80%95%E1%80%BA%E1%80%99%E1%80%B6%E1%80%9B%E1%80%9B%E1%80%BE%E1%80%AD