spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၂၀ ခုနှစ် အမျိုးသားတံခွန်စိုက် တင်းနစ်ပြိုင်ပွဲ ကျင်းပမည်

၂၀၂၀ ခုနှစ် အမျိုးသားတံခွန်စိုက် တင်းနစ်ပြိုင်ပွဲ ကျင်းပမည်

ရန်ကုန်  ၆   ဒီဇင်ဘာ

၂၀၂၀ ခုနှစ် အမျိုးသား တံခွန်စိုက် တင်းနစ်ပြိုင်ပွဲကို ဇန်နဝါရီ ၁၈ ရက်မှ ၂၄ ရက်အထိ ရန်ကုန်မြို့ သိမ်ဖြူတင်းနစ် အားကစားကွင်း၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီးသမီးတစ်ဦးချင်း၊ နှစ်ယောက်တွဲ၊ အမျိုးသား+အမျိုးသမီး နှစ်ယောက်တွဲ၊ အသက် ၁၄ နှစ်အောက် အမျိုးသား တစ်ဦးချင်းနှင့် အမျိုးသမီး တစ်ဦးချင်း၊ အသက် ၁၆ နှစ်အောက် အမျိုးသား၊ အမျိုးသမီးသမီး တစ်ဦးချင်း၊ အသက် ၄၅ နှစ် အထက် အမျိုးသား နှစ်ယောက်တွဲပြိုင်ပွဲများ ပါဝင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ အားကစားသမားများ မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ကာ ဇန်နဝါရီ ၁၅ ရက် နောက်ဆုံးထား၍ မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ် ဖုန်း ဝ၉-၂၅၄၂၇၂၂၃၄၊ ဝ၉-၂၅၀၁၈၇၀၄၀ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

 

အာကာစိုး


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%82%E1%81%80-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%90%E1%80%B6%E1%80%81%E1%80%BD%E1%80%94%E1%80%BA%E1%80%85%E1%80%AD%E1%80%AF%E1%80%80%E1%80%BA-%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%94%E1%80%85%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%99%E1%80%8A%E1%80%BA