spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် စစ်ကိုင်းတိုင်းဒေသကြီး အခြေခံပညာကျောင်းပေါင်းစုံ ကျောင်းသားအားကစားပွဲတော်ကြီးကို ယနေ့မှစပြီး ဒီဇင်ဘာ ၁၂ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပ

၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် စစ်ကိုင်းတိုင်းဒေသကြီး အခြေခံပညာကျောင်းပေါင်းစုံ ကျောင်းသားအားကစားပွဲတော်ကြီးကို ယနေ့မှစပြီး ဒီဇင်ဘာ ၁၂ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပ

 

 

မုံရွာ ၇ ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများလိုက်ပါ၍ ယနေ့ ညနေ ၃ နာရီက မုံရွာမြို့ ပြည်သူ့အားကစာကွင်းတွင် ကျင်းပပြုလုပ်သော ၂၀၁၉-၂၀၂၀ ပညာသင်နှစ်   စစ်ကိုင်းတိုင်းဒေသကြီး အခြေခံပညာကျောင်းပေါင်းစုံ ကျောင်းသားအားကစားပွဲတော်သို့ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် စစ်ကြောင်းမှူးနှင့် အားကစားအဖွဲ့တို့က အလေးပြခံစင်မြင်ပေါ်ရှိ ဝန်ကြီးချုပ်အား (၂) မိနစ်ခန့် အလေးပြုကြပြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ်   စစ်ကိုင်းတိုင်းဒေသကြီး အခြေခံပညာကျောင်းပေါင်းစုံ ကျောင်းသားအားကစားပွဲတော်ကြီးအား ဖွင့်လှစ်ပေးသည်။

 

ဆက်လက်၍ စစ်ကြောင်းမှူးနှင့် အားကစားအဖွဲ့တို့က အားကစား သစ္စာအဓိဌာန် ရွတ်ဆိုကြပြီး  ဝန်ကြီးချုပ်အား ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာ အလေးပြုကြသည်။

 

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့က အခြေခံပညာအထက်တန်း အမှတ် (၇) နှင့် လယ်ဇင် (အ. ထ. က)၊ (အ. ထ. က-ခွဲ) နန္ဒဝန် ကျောင်းသူ စုစုပေါင်း (၃၀၀) ဦး၏ မြန်မာ့သိုင်းသရုပ်ပြ ဖျော်ဖြေမှုတို့အားလည်းကောင်း၊ ကလေးခရိုင်နှင့် စစ်ကိုင်းခရိုင် ဘောလုံးယှဉ်ပြိုင် ကစားမှုတို့အားလည်းကောင်း ကြည့်ရှုအားပေးခဲ့သည်။

 

အဆိုပါ ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် စစ်ကိုင်းတိုင်းဒေသကြီး အခြေခံပညာကျောင်းပေါင်းစုံ ကျောင်းသားအားကစားပွဲတော်ကြီးကို ယနေ့မှစပြီး ဒီဇင်ဘာ ၁၂ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

ထွန်းကိုကို(ယင်းမာပင်)


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%81%E1%81%89-%E1%81%82%E1%81%80%E1%81%82%E1%81%80-%E1%80%95%E1%80%8A%E1%80%AC%E1%80%9E%E1%80%84%E1%80%BA%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%80%85%E1%80%85%E1%80%BA%E1%80%80%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8-%E1%80%A1%E1%80%81%E1%80%BC%E1%80%B1%E1%80%81%E1%80%B6%E1%80%95%E1%80%8A%E1%80%AC%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AF%E1%80%B6