spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလ(ပထမပတ်) ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီးဒေါက်တာမြင့်ထွေး လူထုစုပေါင်း လမ်းလျှောက်ပွဲပါ၀င်ဆင်နွှဲ

၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလ(ပထမပတ်) ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီးဒေါက်တာမြင့်ထွေး လူထုစုပေါင်း လမ်းလျှောက်ပွဲပါ၀င်ဆင်နွှဲ

 

 

 

ရန်ကုန်၊ ဒီဇင်ဘာလ( ၇ )ရက်။        

ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနသည် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် တစ်နိုင်ငံလုံး တစ်မျိုးသားလုံး အမျိုးသားအားကစားစိတ်ဓါတ်အပြည့်အ၀ဖြင့် ပြည်သူလူထု တစ်ရပ်လုံးလှုပ်ရှား ပါ၀င်ဆင်နွှဲစေရန် ရည်ရွယ်၍ ဒီဇင်ဘာလူထုအားကစားလ ပထမပတ်လူထုစုပေါင်း လမ်းလျှောက်ပွဲကို ယနေ့နံနက်(၅)နာရီခွဲက ရန်ကုန်မြို့ အောင်ဆန်းအားကစားပြိုင်၀င်း (အထူးတန်း) ၀င်ပေါက်ရှေ့မှ စတင်တာထွက်ရာ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမြင့်ထွေး၊ အမြဲတမ်းအတွင်း၀န်ဒေါက်တာသာထွန်းကျော်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်နှင့် အစိုးရအဖွဲ့၀န်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊  အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် (အား/ကာ)ခရိုင်/မြို့နယ် အရာရှိများ၊ ဖိတ်ကြားထားသူများ၊  မြို့နယ်ပေါင်းစုံမှ ပြည်သူလူထုများ၊ ကျောင်းသား/ကျောင်းသူများ၊   အားကစားနှင့်ကာယ ပညာသိပ္ပံ(ရန်ကုန်)မှ ကျောင်းသား/ ကျောင်းသူများ၊ အထက(၃) မင်္ဂလာတောင်ညွန့်မှ ဘင်ခရာ၊ ပန်းပွားအက ကျောင်းသူလေးများနှင့်အတူ တပျော်တပါး စုပေါင်းလမ်းလျှောက်ပွဲကို ပါ၀င်ဆင်နွှဲခဲ့ကြသည်။

 

 

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေး၀န်ကြီး ဦးနိုင်ငံလင်းက သေနတ်ပစ် ဖောက်၍ စတင်တာလွှတ်ပေးခဲ့ရာ စုပေါင်းလမ်းလျှောက်ပွဲကို အောင်ဆန်း အားကစားပြိုင်၀င်း(အထူးတန်း)၀င်ပေါက်ရှေ့မှ စတင်တာထွက်၍ ဦးထောင်ဗိုလ်အဝိုင်းမှ ကန်တော်ကြီးပတ်လမ်း ကန်ရိပ်သာလမ်းအတိုင်း၊ လက်ယာကပ်လျှောက်၍ အထက်ပန်းဆိုးတန်းလမ်းမအတိုင်း အောင်ဆန်းအားကစားပြိုင်၀င်း အရှေ့၀င်ပေါက်သို့ ပြန်လည်ပန်း၀င်ကာ မြို့နယ်အလိုက် လူဦးရေ ငါးသောင်းခန့်ပြည်သူများက စုပေါင်း ကိုယ်လက်ကြံ့ခိုင်ရေး အစီအစဉ် အတွဲအမှတ်(၁)၊(၂)တို့နှင့် Myanmar Fitness Dance လေ့ကျင့်ခန်းများ ပြုလုပ် ခဲ့ကြကြောင်း သတင်းရရှိသည်။

 

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%81%E1%81%89%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%92%E1%80%AE%E1%80%87%E1%80%84%E1%80%BA%E1%80%98%E1%80%AC%E1%80%9C%E1%80%B0%E1%80%91%E1%80%AF%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9C%E1%80%95%E1%80%91%E1%80%99%E1%80%95%E1%80%90%E1%80%BA-%E1%80%80%E1%80%BB%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%81%80%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94