spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အခြေခံပညာကျောင်းသားအားကစားပွဲတော်ပြေးခုန်ပစ်ပြိုင်ပွဲကျင်းပ

အခြေခံပညာကျောင်းသားအားကစားပွဲတော်ပြေးခုန်ပစ်ပြိုင်ပွဲကျင်းပ

 
ရန်ကုန် ဒီဇင်ဘာ ၈
၂၀၁၉-၂၀၂၀ ပညာသင်နှစ် ရန်ကုန်တိုင်းဒေသကြီး အခြေခံပညာကျောင်းပေါင်းစုံ ကျောင်းသားအားကစားပွဲတော် ပြေးခုန်ပစ်ပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီက ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်းရှိ ပြေးခုန်ပစ် အားကစားကွင်း၌ ကျင်းပရာ‌ ကျောင်းသား ကျောင်းသူ ၁၀၀၀‌ ကျော် ဝင်ရောက် ယှဉ်ပြိုင်ကြသည်။‌
 
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြိုင်ပွဲ ကို ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီးပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေ၊ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲများ ကို ကြည့်ရှုအားပေးကြသည်။
 
အဆိုပါပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ခရိုင်‌လေးခရိုင်မှ ကျောင်း‌ပေါင်း ၄၃‌ ကျောင်းပါ၀င်ပြီး ပြိုင်ပွဲဝင်အားကစားနည်း ၁၂ နည်း ထည့်သွင်းကျင်းပခဲ့‌ ကြောင်း သိရသည်။
 
အာကာစိုး

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%81%E1%80%BC%E1%80%B1%E1%80%81%E1%80%B6%E1%80%95%E1%80%8A%E1%80%AC%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%E1%80%95%E1%80%BC%E1%80%B1%E1%80%B8%E1%80%81%E1%80%AF%E1%80%94%E1%80%BA%E1%80%95%E1%80%85%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95