spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မြန်မာပြေးခုန်ပစ်အဖွဲ့ ငွေတစ်ခု၊ကြေးတစ်ခုဆွတ်ခူး

မြန်မာပြေးခုန်ပစ်အဖွဲ့ ငွေတစ်ခု၊ကြေးတစ်ခုဆွတ်ခူး

မနီလာ ဒီဇင်ဘာ ၈

ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပနေသည့် အကြိမ် (၃၀) မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာပြေးခုန်ပစ်အဖွဲ့သည် ဒီဇင်ဘာ ၈ ရက် ပွဲစဉ်များအပြီးတွင် ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်တစ်ခု ဆွတ်ခူးရရှိထား သည်။

မြန်မာပြေးခုန်ပစ်အဖွဲ့အတွက် ငွေတံဆိပ်ဆုကိုအမျိုးသမီး မီတာ ၁၀၀၀၀ လမ်းလျှောက်ပြိုင်ပွဲမှ သန်းသန်းစိုးက ရယူပေးခဲ့ခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲ တွင် ကစားသမားခုနစ်ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဗီယက်နမ်ကစားသမားက ၅၂ မိနစ် ၅၉ ဒသမ ၄၅ စက္ကန့်ဖြင့် ရွှေတံဆိပ်၊ သန်းသန်းစိုးက ၅၃ မိနစ် ၂၉ ဒသမ ၈၉ စက္ကန့်ဖြင့် ငွေတံဆိပ်၊ မလေးရှားကစားသမားက ၅၃ မိနစ် ၃၈ ဒသမ ၇၁ စက္ကန့်ဖြင့် ကြေးတံဆိပ်ရရှိခဲ့သည်။

ယင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ဇင်မေထက်မှာမူ အဆင့် ၆ နေရာ သာရရှိခဲ့သည်။ အမျိုးသားကြိုးတပ်သံလုံးပစ်ပြိုင်ပွဲတွင် မြန်မာကစားသမား ရဲထက်အောင်က ကြေးတံဆိပ်ရရှိခဲ့သည်။
ပြေးခုန်ပစ်ပြိုင်ပွဲကို ဒီဇင်ဘာ ၁၀ ရက်အထိ ကျင်းပမည်ဖြစ်သည်။

ညီမြတ်သော်တာ


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%95%E1%80%BC%E1%80%B1%E1%80%B8%E1%80%81%E1%80%AF%E1%80%94%E1%80%BA%E1%80%95%E1%80%85%E1%80%BA%E1%80%A1%E1%80%96%E1%80%BD%E1%80%B2%E1%80%B7-%E1%80%84%E1%80%BD%E1%80%B1%E1%80%90%E1%80%85%E1%80%BA%E1%80%81%E1%80%AF%E1%81%8A%E1%80%80%E1%80%BC%E1%80%B1%E1%80%B8%E1%80%90%E1%80%85%E1%80%BA%E1%80%81%E1%80%AF%E1%80%86%E1%80%BD%E1%80%90%E1%80%BA%E1%80%81%E1%80%B0%E1%80%B8