spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ဆီးဂိမ်းဘိလိယက် တစ်ဦးချင်းပြိုင်ပွဲတွင်နေသွေးဦး ဗိုလ်လုပွဲတက်ရောက်

ဆီးဂိမ်းဘိလိယက် တစ်ဦးချင်းပြိုင်ပွဲတွင်နေသွေးဦး ဗိုလ်လုပွဲတက်ရောက်

မနီလာ ဒီဇင်ဘာ ၈

 

အကြိမ် (၃၀) မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲဆီမီးဖိုင်နယ်ပွဲစဉ်များကို ယနေ့ မွန်းလွဲပိုင်းက မနီလာဟိုတယ်၌ ကျင်းပရာ မြန်မာ့လက်ရွေးစင် ဘိလိယက်ကစားသမား နေသွေးဦး ဗိုလ်လုပွဲ တက်ရောက်သွားသည်။

ဆီမီးဖိုင်နယ်တွင် နေသွေးဦးက ဗီယက်နမ်ကစားသမား ထရန်လီ တူရင်ကို သုံးပွဲပြတ်၊ ပီတာဂေးလ်ခရစ်(စင်ကာပူ) က ယူတာပေါ့(ထိုင်း)ကို သုံးပွဲ-တစ်ပွဲဖြင့် အနိုင်ရကာ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည်။ ထရန်လီ တူရင်သည် ကွာတားဖိုင်နယ်တွင် နာမည်ကြီး ထိုင်းကစား သမား ပရာပွတ်ကို ကျော်ဖြတ်လာသော်လည်း ဆီမီးဖိုင်နယ်တွင် နေသွေးဦးကို မယှဉ်နိုင်ဘဲ အရေးနိမ့်ခဲ့ရသည်။ နေသွေးဦးသည် ပထမပွဲ ငယ်တွင် ၁၀၀-၃၄ မှတ်၊ ဒုတိယပွဲငယ်တွင် ၁၀၁- ၂ မှတ်၊ တတိယပွဲငယ်တွင် ၁၀၀-၃ မှတ်ဖြင့် ပြတ်ပြတ်သားသား အနိုင်ရခဲ့ခြင်းဖြစ်သည်။ နေသွေးဦး သည် ယခုပြိုင်ပွဲတွင် ကွာတားဖိုင်နယ်မှ စတင်ကစားခဲ့ရပြီး အင်ဒိုနီးရှား ကစားသမား ကို အနိုင်ရကာ ဆီမီးဖိုင်နယ်တက်ရောက်လာခြင်းဖြစ်သည်။ နေသွေးဦးနှင့် ပီတာဂေးလ်ခရစ်တို့၏ ဗိုလ်လုပွဲကို ဒီဇင်ဘာ ၉ ရက် (ယနေ့) မြန်မာစံတော်ချိန် နံနက် ၁၁ နာရီခွဲတွင် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

အမျိုးသားတစ်ဦးချင်း Pool 9 Ball ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေ သည့် ဖုန်းမြင့်ကျော် (ခ) မောင်မောင်မှာလည်း ကွာတားဖိုင်နယ်ပွဲ အဖြစ် ဒီဇင်ဘာ ၉ ရက် (ယနေ့) နံနက်ပိုင်းတွင် ဗီယက်နမ်ကစားသမား နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ညီမြတ်သော်တာ


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%86%E1%80%AE%E1%80%B8%E1%80%82%E1%80%AD%E1%80%99%E1%80%BA%E1%80%B8%E1%80%98%E1%80%AD%E1%80%9C%E1%80%AD%E1%80%9A%E1%80%80%E1%80%BA-%E1%80%90%E1%80%85%E1%80%BA%E1%80%A6%E1%80%B8%E1%80%81%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%94%E1%80%B1%E1%80%9E%E1%80%BD%E1%80%B1%E1%80%B8%E1%80%A6%E1%80%B8-%E1%80%97%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA%E1%80%9C%E1%80%AF%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%80%E1%80%BA%E1%80%9B%E1%80%B1%E1%80%AC%E1%80%80%E1%80%BA