spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > (၃၀)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် လှေလှော်အားကစားနည်းမှ ရွှေ(၁)ခု၊ ငွေ(၁)ခု၊ ကြေး(၂)ခု၊ တိုက်ကွမ််ဒိုအားကစားနည်းမှ ကြေး(၂)ခု၊ ပြေးခုန်ပစ်အားကစားနည်းမှ ကြေး(၁)ခု ထပ်မံဆွတ်ခူးရရှိ

(၃၀)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် လှေလှော်အားကစားနည်းမှ ရွှေ(၁)ခု၊ ငွေ(၁)ခု၊ ကြေး(၂)ခု၊ တိုက်ကွမ််ဒိုအားကစားနည်းမှ ကြေး(၂)ခု၊ ပြေးခုန်ပစ်အားကစားနည်းမှ ကြေး(၁)ခု ထပ်မံဆွတ်ခူးရရှိ

နေပြည်တော်၊ဒီဇင်ဘာ(၇)ရက်။ 

ဖိလစ်ပိုင်နိုင်ငံတွင်အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည့် ၂၀၁၉ခုနှစ်(၃၀)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/ အားကစားရုံအသီးသီး၌ ကျင်းပပြုလုပ်ရာ မနီလာမြို့ရှိ Muntinlupa Sports Complex ၌ ကျင်းပပြုလုပ်သော (အမျိုးသမီး)တစ်ဦးချင်း ကြက်တောင်ရိုက်ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်တွင်  မြန်မာမှ သက်ထားသူဇာသည် ပြိုင်ဘက် အင်ဒိုနီးရှားကြက်တောင်မယ်ကို (၂)ပွဲပြတ်ဖြင့် ရှုံးနိမ့်ခဲ့ပါသည်။

ဆက်လက်၍  (SAN Juan Arena) တွင် ကျင်းပပြုလုပ်သည့် ESports အားကစားပြိုင်ပွဲ အုပ်စုတွင်းပြိုင်ပွဲမှာ မြန်မာနှင့် ထိုင်းတို့ယှဉ်ပြိုင်ကစားကြရာ မြန်မာမှ ရှုံးနိမ့်ခဲ့ပါသည်။

ဆက်လက်၍ Maragondon Cavite တွင် ယှဉ်ပြိုင်ကစားသည့် Skate Boarding အားကစားနည်း အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် မြန်မာမှ သော်တာရှိုင်းသက်က အဆင့်(၆)နေရာနှင့် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် မြန်မာမှ ထက်မြတ်နိုင်က အဆင့်(၁၀)နေရာတို့သာ ရရှိခဲ့ပါသည်။

ဆက်လက်၍ (အမျိုးသား)ဘောလုံးပြိုင်ပွဲကို ဒေသစံတော်ချိန်(၄)နာရီအချိန်၊ မြန်မာစံတော်ချိန် မွန်းလွဲ(၂)နာရီခွဲအချိန်တွင် ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် မြန်မာယူ-၂၂ အသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မိနစ်(၉၀)တွင် တစ်ဘက်(၂)ဂိုးစီသရေကျနေသဖြင့် အချိန်ပိုဆက်လက်ယှဉ်ပြိုင်ရာ အင်ဒိုနီးရှားအသင်းမှ (၄)ဂိုး (၂)ဂိုးဖြင့် အနိုင်ရရှိသွားပါသည်။
ဆက်လက်၍ Rizal Memorial Sports Complex Court-1 တွင် ယှဉ်ပြိုင် ကစားသည့် တိုက်ကွမ်ဒိုအားကစားနည်းတွင် (အမျိုးသား)တစ်ဦးချင်း ကကွက်ပြိုင်ပွဲတွင် မြန်မာမှ ဆန်းရှိုင်းက ကြေးတံဆိပ် (၁) ခုရရှိခဲ့ပြီး၊ (အမျိုးသား)တစ်ဦးချင်း Free Style Poomsae    ပြိုင်ပွဲ တွင် မြန်မာမှ ဖုန်းသက်နိုင်က ကြေးတံဆိပ်(၁)ခု ထပ်မံရရှိခဲ့ပါသည်။
ဆက်လက်၍ Manila Hotel Tent ၌ ကျင်းပပြုလုပ်သော (တစ်ဦးချင်း) ဘိလိယက်ကွာတားဖိုင်နယ်ပွဲစဉ်တွင် မြန်မာနှင့်အင်ဒိုနီးရှားတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာမှ နေသွေးဦးက (၃)ပွဲပြတ်ဖြင့် အနိုင်ရရှိကာ ဆီမီးဖိုင်နယ် တက်ရောက်ခဲ့ပါသည်။  

အဆိုပါ ပြိုင်ပွဲများသို့ မြန်မာအားကစားအဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးနှင့် တာ၀န်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးလျက်ရှိပါသည်။
ဆက်လက်၍ Subic မြို့ Malawaan Park တွင် ကျင်းပသည့် အမျိုးသမီးရိုးရာလှေ မီတာ(၂၀၀)လေးယောက်တွဲပြိုင်ပွဲတွင် မြန်မာအမျိုးသမီးအသင်း ၀င်ရောက်ယှဉ်ပြိုင်ရာ ရွှေတံဆိပ်(၁)ခု ထပ်မံဆွတ်ခူးရရှိခဲ့ပြီး၊ အမျိုးသားရိုးရာလှေ မီတာ(၂၀၀) ၁၂တက်လှော်ပြိုင်ပွဲတွင် မြန်မာအမျိုးသားအသင်းက ကြေးတံဆိပ်(၁)ခု ထပ်မံဆွတ်ခူးရရှိခဲ့ပါသည်။
ဆက်လက်၍ Subic မြို့ Malawaan Park တွင် ကျင်းပသည့် မီတာ(၂၀၀)ကနူး တစ်ယောက်လှော်ပြိုင်ပွဲတွင် မြန်မာမှ မျိုးလှိုင်၀င်းမှ ငွေတံဆိပ်(၁)ခု ရရှိခဲ့ပြီး၊ အနောက်တိုင်းလှေမီတာ (၁၀၀၀) အမျိုးသမီး(၂)ယောက်တွဲပြိုင်ပွဲတွင် နီလာ၀င်းနှင့် ရွှေဇင်လတ်တို့မှ ကြေးတံဆိပ်(၁)ခု ထပ်မံရရှိ ခဲ့ပါသည်။
အဆိုပါ ပြိုင်ပွဲများသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဥက္ကဌ ဦးသောင်းထိုက်မင်း၊ မြန်မာအားကစားအဖွဲ့ ဒုတိယခေါင်းဆောင် ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်နှင့် တာ၀န်ရှိသူများသည် ပြိုင်ပွဲများ ကြည့်ရှုအားပေးကာ ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ဆက်လက်၍ Parade Grounds, Clark City ၌ ကျင်းပသည့် မြားပစ်အားကစားနည်း ကွာတားဖိုင်နယ်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားရာ Compound men Team,Women Team,Mixed Team, Men Individual ပွဲစဉ်များတွင် ရှုံးနိမ့်ခဲ့ပြီး Compound Women Individualပွဲစဉ်တွင် စုစုလှိုင်သည် စင်္ကာပူကစားသမားနှင့် တတိယနေရာလုပွဲအတွက် ဆက်လက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ဆက်လက်၍Laus Group Event Centre ၌ ကျင်းပပြုလုပ်သော ဂျူဒိုအားကစားပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ်အဖြစ် (အမျိုးသား) အသင်းလိုက်ပြိုင်ပွဲတွင် မြန်မာအသင်းသည် အင်ဒိုနီးရှားအသင်းအား ရှုံးနိမ့်ခဲ့ပြီး၊ (အမျိုးသမီး) အသင်းလိုက်ပြိုင်ပွဲတွင် မြန်မာအသင်းသည် ထိုင်းအသင်းကို ရှုံးနိမ့်ခဲ့ပါသည်။
ဆက်လက်၍ New Clark Athletics Stadium တွင် ကျင်းပပြုလုပ်သည့် အမျိုးသား မီ တာ(၂၀၀) လူရွေးချယ်ပွဲတွင် မြန်မာမှ ကစားသမားလွင်မိုးသည် ရှုံးနိမ့်ခဲ့ပြီး၊ (အမျိုးသား) ကြိုးတပ်သံလုံး ပစ်ပြိုင်ပွဲတွင် မြန်မာမှ ရဲထက်အောင်က ကြေးတံဆိပ်(၁)ခု ထပ်မံရရှိခဲ့ပါသည်။
ယနေ့အထိ ဆုတံဆိပ်ရရှိမှုမှာ ရွှေ(၃)ခု၊ ငွေ(၁၁)ခု၊ ကြေး(၂၅)ခု ရရှိပြီး မြန်မာနိုင်ငံအနေဖြင့် အဆင့်(၇)နေရာတွင် ရပ်တည်နေကြောင်း သိရှိရပါသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%83%E1%81%80%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%A1%E1%80%9B%E1%80%BE%E1%80%B1%E1%80%B7%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%A1%E1%80%AC%E1%80%9B%E1%80%BE%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%9C%E1%80%BE%E1%80%B1%E1%80%9C%E1%80%BE%E1%80%B1%E1%80%AC%E1%80%BA%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%8A%E1%80%BA%E1%80%B8%E1%80%99%E1%80%BE-%E1%80%9B%E1%80%BD%E1%80%BE%E1%80%B1%E1%81%81%E1%80%81%E1%80%AF%E1%81%8A-%E1%80%84%E1%80%BD%E1%80%B1%E1%81%81%E1%80%81%E1%80%AF%E1%81%8A