spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မြန်မာတိုက်ကွမ်ဒိုအဖွဲ့ ကြေးတံဆိပ်တစ်ခု ဆွတ်ခူး

မြန်မာတိုက်ကွမ်ဒိုအဖွဲ့ ကြေးတံဆိပ်တစ်ခု ဆွတ်ခူး

မနီလာ ဒီဇင်ဘာ ၇

 

အကြိမ်(၃၀)မြောက် ဆီးဂိမ်းတိုက်ကွမ်ဒိုပြိုင်ပွဲ ပထမနေ့ကို ယနေ့မွန်းလွဲပိုင်းက မနီလာမြို့၌ ကျင်းပရာ မြန်မာတိုက်ကွမ်ဒိုအဖွဲ့က ကြေးတံဆိပ်တစ်ခု ဆွတ်ခူး ရရှိခဲ့သည်။

 

အိမ်ရှင်ဖိလစ်ပိုင်နိုင်ငံသည် တိုက်ကွမ်ဒိုပြိုင်ပွဲတွင် အားသာသည့်ကကွက် ပြိုင်ပွဲ၌ ပြိုင်ပွဲအမျိုးအစား ရှစ်မျိုးအထိ ထည့်သွင်းကျင်းပခဲ့သည်။ ပြိုင်ပွဲပထမ နေ့တွင် ကကွက်ပြိုင်ပွဲအမျိုးအစား ရှစ်မျိုးထည့်သွင်းကျင်းပခဲ့ပြီး မြန်မာ တိုက်ကွမ်ဒိုအဖွဲ့သည် ပြိုင်ပွဲအမျိုးအစား လေးမျိုး၌ ဝင်ရောက်ယှဉ်ပြိုင်ရာ ဆုတံဆိပ်တစ်ခု ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာတိုက်ကွမ်ဒိုအဖွဲ့အတွက် ကြေးတံဆိပ်ဆုကို အမျိုးသားတစ်ဦးချင်းကကွက်ပြိုင်ပွဲမှ ဆန်းရှိုင်းက ရယူ ပေးခဲ့ပြီး ယင်းပြိုင်ပွဲတွင် ဖိလစ်ပိုင်က ရွှေတံဆိပ်၊ ထိုင်းက ငွေတံဆိပ်ရရှိခဲ့သည်။ အမျိုးသမီးတစ်ဦးချင်းကကွက်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် နေရီဦး၊ အမျိုးသား+အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲတွင် ယှဉ်ပြိုင်ခဲ့သည့် ဆန်းရှိုင်းနှင့် နေရီဦးအတွဲ၊ အမျိုးသားကကွက် Free ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခဲ့သည့် သက်ဖုန်းနိုင် တို့မှာ ဆုတံဆိပ်နှင့် လွဲချော်ခဲ့သည်။

 

အတိုက်ပြိုင်ပွဲများကို ဒီဇင်ဘာ ၈ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး ဝိတ်တန်းရှစ်ပွဲ ပါဝင်မည်ဖြစ်သည်။

 

ရှိုင်းထက်ဇော်

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%80%E1%80%BD%E1%80%99%E1%80%BA%E1%80%92%E1%80%AD%E1%80%AF%E1%80%A1%E1%80%96%E1%80%BD%E1%80%B2%E1%80%B7-%E1%80%80%E1%80%BC%E1%80%B1%E1%80%B8%E1%80%90%E1%80%B6%E1%80%86%E1%80%AD%E1%80%95%E1%80%BA%E1%80%90%E1%80%85%E1%80%BA%E1%80%81%E1%80%AF-%E1%80%86%E1%80%BD%E1%80%90%E1%80%BA%E1%80%81%E1%80%B0%E1%80%B8