spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန် ကျောက်တလုံးကြီးမြို့ ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး လှုပ်ရှားမှုသို့ တက်ရောက်အားပေး

ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန် ကျောက်တလုံးကြီးမြို့ ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး လှုပ်ရှားမှုသို့ တက်ရောက်အားပေး

 

 

ကျောက်တလုံးကြီးမြို့ ဒီဇင်ဘာ ၇

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့နယ်တွင် ဒီဇင်ဘာလ (၇) ရက် နံနက် ၉ နာရီ ၄၅ မိနစ်တွင် ကျောက်တလုံးကြီးမြို့၊ ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်သည့် ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး လှုပ်ရှားမှုအခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာမြလေးစိန် တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာမြလေးစိန်က အမှာစကားပြောကြားပြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဝင်(လူမှု)၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်မောင်ပယ်က ပအိုဝ်းဘာသာဖြင့် ပြန်လည်ပြောကြားပေးသည်။

ယင်းနောက် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကိုယ်ကာယကြံခိုင်စေရေးနှင့် ကျန်းမာသန်စွမ်း စေရေးတို့အတွက် တက်ရောက်လာကြသည့် ကျောင်းသား/သူများ၊ ဆရာ/ဆရာမများ နှင့် မြို့ပေါ်(၆) ရပ်ကွက်ရှိ ဒေသခံပြည်သူများတို့နှင့်အတူ စုပေါင်းကိုယ်လက်ကြံခိုင်ရေး လေ့ကျင့်ခန်းများကို တစ်ပျော်တစ်ပါး စုပေါင်းဆောင်ရွက်ကြပြီး၊ အမှတ်တရဓါတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။

 

 

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျောက်တလုံးကြီးမြို့၊ တိုက်နယ်ဆေးရုံအဆောက်အဦသစ် အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်ကာ ပထမနိမ္မိတသပိတ်မြတ်စေတီ၊ အောင်ဇမ္ဗူလောင်းဓမ္မာရုံသို့ သွားရောက်ကာ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့သို့ ဆက်လက် ထွက်ခွာ သွားကြောင်း သိရသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%92%E1%80%AF%E1%80%90%E1%80%AD%E1%80%9A%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%92%E1%80%B1%E1%80%AB%E1%80%80%E1%80%BA%E1%80%90%E1%80%AC%E1%80%99%E1%80%BC%E1%80%9C%E1%80%B1%E1%80%B8%E1%80%85%E1%80%AD%E1%80%94%E1%80%BA-%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%90%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7-%E1%80%80%E1%80%AD%E1%80%AF%E1%80%9A%E1%80%BA%E1%80%9C%E1%80%80%E1%80%BA%E1%80%9C%E1%80%BE%E1%80%AF%E1%80%95%E1%80%BA%E1%80%9B%E1%80%BE%E1%80%AC%E1%80%B8%E1%80%86%E1%80%B1%E1%80%B8%E1%80%90%E1%80%85%E1%80%BA%E1%80%95%E1%80%AB%E1%80%B8