spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ဆီးဂိမ်းပြိုင်ပွဲတွင် ငွေ နှစ်ခု၊ ကြေး ငါးခု ထပ်မံဆွတ်ခူးရရှိ

ဆီးဂိမ်းပြိုင်ပွဲတွင် ငွေ နှစ်ခု၊ ကြေး ငါးခု ထပ်မံဆွတ်ခူးရရှိ

နေပြည်တော် ဒီဇင်ဘာ ၉

 

ဖိလစ်ပိုင်နိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၁၉ ခုနှစ် အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများကို မြို့အသီးသီး ရှိ အားကစားကွင်း၊ အားကစားရုံ အသီးသီး၌ ပြိုင်ပွဲများတွင် ဘိလိယက် အားကစားနည်းမှ ငွေတစ်ခု၊ ကရာတေး အားကစားနည်းမှ ကြေးတစ်ခု၊ လက်ဝှေ့အားကစားနည်းမှ ငွေတစ်ခု၊ မြားပစ်အားကစားနည်းမှ ကြေးတစ်ခု၊ ပြေးခုန်ပစ်အားကစားနည်းမှ ကြေး တစ်ခု၊ နပန်းအားကစားနည်းမှ ကြေး တံဆိပ် နှစ်ခု ထပ်မံဆွတ်ခူးရရှိခဲ့ ကြောင်း သိရသည်။

 

ကရာတေး အားကစားပြိုင်ပွဲ အမျိုးသား သုံးယောက်တွဲအသင်းလိုက် ပြိုင်ပွဲတွင် မြန်မာအသင်းသည် အိမ်ရှင်ဖိလစ်ပိုင်အသင်းကို ရှုံးနိမ့် ခဲ့ပြီး အမျိုးသမီး ကုမိတဲ့(+၆၁) ကီလို တန်းပွဲစဉ်တွင် မြန်မာမှ နွေးနွေးဇော်ဝင်း သည် ကြေးတံဆိပ်တစ်ခု၊ အမျိုးသား ကုမိတဲ့(-၇၅) ကီလိုတန်း ပွဲစဉ်တွင် မြန်မာမှ ဇော်မင်းထက်သည် အိမ်ရှင် ဖိလစ်ပိုင်ကို လည်းကောင်း ရှုံးနိမ့်ခဲ့ သည်။

 

ဆက်လက်၍ Manila Hotel Tent ၌ ကျင်းပသော(အမျိုးသား) တစ်ဦးချင်း English ဘိလိယက်ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်တွင် မြန်မာနှင့် စင်ကာပူတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာမှ နေသွေးဦး ငွေတံဆိပ်တစ်ခုနှင့် (အမျိုးသား)တစ်ဦးချင်း 9ball Pool ကွာတားဖိုင်နယ်ပွဲစဉ်တွင် မြန်မာမှ ဘုန်းမြင့်ကျော်သည် ဗီယက်နမ် ကစားသမားကို အနိုင်ရရှိကာ ဆီမီးဖိုင် နယ်ပွဲစဉ်သို့ တက်ရောက်သွားသည်။

 

 

ဆက်လက်၍ PICC Forum ၌ ကျင်းပသော လက်ဝှေ့အားကစား ပြိုင်ပွဲ အမျိုးသမီး (၅၅)ကီလိုတန်း ဗိုလ်လုပွဲပွဲစဉ်တွင် မြန်မာမှ နွယ်နီဦးသည် အိမ်ရှင်ဖိလစ်ပိုင်ကစားသမားအား ရှုံးနိမ့်ခဲ့ပြီး ငွေတံဆိပ်တစ်ခု ရရှိခဲ့သည်။

 

ဆက်လက်၍ New Clark City Aquatics Center (Clark)တွင် ကျင်းပသော ရေကူးပြိုင်ပွဲ အမျိုးသား မီတာ ၅၀ Free Style ဗိုလ်လုပွဲ ပွဲစဉ်တွင် မြန်မာမှ ဝင်းထွဋ်ဦးက အဆင့်(၄) နေရာ၊ အမျိုးသမီး မီတာ ၁၀၀ Heat ပြိုင်ပွဲတွင် နန်းဟန်နီဦးက အဆင့်ခုနစ်နေရာသာ ရရှိခဲ့သည်။

 

ဆက်လက်၍ New Clark Athletics Stadium တွင် ကျင်းပသည့် အမျိုးသား ၂၀ ကီလိုမီတာလမ်းလျှောက်ပြိုင်ပွဲတွင် မြန်မာမှ မိုင်းညီညီမိုးက ကြေးတံဆိပ် တစ်ခုနှင့် ပြည့်ဖြိုးထွန်းက အဆင့်လေးနေရာ၊ အမျိုးသမီး မီတာ ၈၀၀ ဗိုလ်လုပွဲ ပွဲစဉ်တွင် မြန်မာမှ ရွှေလီမြင့်က အဆင့်(၆) နေရာ၊ သီသီမွန်က အဆင့် (၇) နေရာနှင့် အမျိုးသား ၁၀ မျိုးစုံ ပြိုင်ပွဲတွင် မြန်မာမှ ပိုင်ကိုဝင်းက အဆင့် (၇) နေရာကို ရရှိခဲ့သည်။

ဆက်လက်၍ SCC Angeleles University Foundation ၌ ကျင်းပသည့် နပန်းပြိုင်ပွဲ အမျိုးသား(၅၅)ကီလိုတန်းပြိုင်ပွဲ၌ မြန်မာမှ မျိုးကိုက ထိုင်းအား ၁၅ မှတ် ၇ မှတ်ဖြင့် လည်းကောင်း၊ ဒုတိယပွဲတွင် အိမ်ရှင်ဖိလစ်ပိုင်အသင်းအား ၄ မှတ် ၃ မှတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီး အမျိုးသား(၆၀) ကီလိုတန်းပြိုင်ပွဲတွင် မြန်မာမှ ဝဏ္ဏထွန်းက ကြေးတံဆိပ်တစ်ခု၊ အမျိုးသမီး (၅၀)ကီလိုတန်းပြိုင်ပွဲတွင် မြန်မာမှ ကေသီခိုင်က ကြေးတံဆိပ်တစ်ခု ရရှိခဲ့သည်။

 

ဆက်လက်၍ PICC Forum ၌ ကျင်းပသော လက်ဝှေ့အားကစား ပြိုင်ပွဲ အမျိုးသမီး (၅၅)ကီလိုတန်းဗိုလ်လုပွဲပွဲစဉ်တွင် မြန်မာမှနွယ်နီဦးသည် အိမ်ရှင်ဖိလစ်ပိုင်ကစားသမားအား ရှုံးနိမ့်ခဲ့ပြီး ငွေတံဆိပ်တစ်ခုရရှိခဲ့သည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%86%E1%80%AE%E1%80%B8%E1%80%82%E1%80%AD%E1%80%99%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%84%E1%80%BD%E1%80%B1-%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%81%E1%80%AF%E1%81%8A-%E1%80%80%E1%80%BC%E1%80%B1%E1%80%B8-%E1%80%84%E1%80%AB%E1%80%B8%E1%80%81%E1%80%AF-%E1%80%91%E1%80%95%E1%80%BA%E1%80%99%E1%80%B6%E1%80%86%E1%80%BD%E1%80%90%E1%80%BA%E1%80%81%E1%80%B0%E1%80%B8%E1%80%9B%E1%80%9B%E1%80%BE%E1%80%AD