spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > (၃၀)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဘိလိယက်အားကစားနည်းမှ ရွှေတံဆိပ်(၁)ခု၊ နပန်းအားကစားနည်းမှ ကြေးတံဆိပ်(၁)ခု၊ ဘောလုံးအားကစားနည်းမှ ကြေးတံဆိပ်(၁)ခု ထပ်မံဆွတ်ခူးရရှိ

(၃၀)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဘိလိယက်အားကစားနည်းမှ ရွှေတံဆိပ်(၁)ခု၊ နပန်းအားကစားနည်းမှ ကြေးတံဆိပ်(၁)ခု၊ ဘောလုံးအားကစားနည်းမှ ကြေးတံဆိပ်(၁)ခု ထပ်မံဆွတ်ခူးရရှိ

နေပြည်တော်၊ဒီဇင်ဘာ(၁၀)ရက်။ 

ဖိလစ်ပိုင်နိုင်ငံတွင်အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည့် ၂၀၁၉ခုနှစ် (၃၀)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများ၏ နောက်ဆုံးနေ့ပြိုင်ပွဲ ပွဲစဉ်များ အား မြို့အသီးသီးရှိ အားကစားကွင်း/ အားကစားရုံအသီးသီး၌ ကျင်းပပြုလုပ်ရာ မနီလာမြို့ရှိ   Manila Hotel Tent ၌ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သော (အမျိုးသား) တစ်ဦးချင်း 9ball Pool  ဆီမီးဖိုင်နယ် ပွဲစဉ်တွင် မြန်မာမှ ဘုန်းမြင့်ကျော်သည် စင်္ကာပူကစားသမားကို (၉)ပွဲ (၆)ပွဲဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားပြီး ညနေပိုင်း ဗိုလ်လုပွဲ ပွဲစဉ်တွင် ဗီယက်နမ်ကစားသမားကို (၉)ပွဲ (၄)ပွဲဖြင့် အနိုင်ရယူကာ နိုင်ငံတော်အတွက် ရွှေတံဆိပ်ဆုကို စိတ်ဓါတ် တည်ငြိမ်စွာဖြင့် အကောင်းဆုံးကြိုးစား ယှဉ်ပြိုင်ပြီး နိုင်ငံတော်၏ဂုဏ်ကို ထိုက်ထိုက်တန်တန် ဂုဏ်ဆောင်ပေးခဲ့ပါသည်။

ဆက်လက်၍ Philsports Area ၌ ကျင်းပပြုလုပ်သော ဘော်လီဘောပြိုင်ပွဲ တတိယလုပွဲ  ပွဲစဉ်တွင် မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းသည်  (၂၅-၂၃)မှတ်၊ (၂၅-၁၆)မှတ်၊ (၂၅-၂၀)မှတ်ဖြင့် ရှုံးနိမ့်ခဲ့ပါသည်။

ဆက်လက်၍ Rizal Memorial Stadium ကွင်း၌ ယနေ့ညနေ ဒေသစံတော်ချိန်(၄)နာရီ အချိန်၊ မြန်မာစံတော်ချိန် မွန်းလွဲ(၂)နာရီခွဲအချိန်တွင် မြန်မာယူ-၂၂အသင်းနှင့် ကမ္ဘောဒီးယားအသင်းတို့ ယှဉ်ပြိုင်ကစားရာ  မိနစ်(၉၀)အချိန် ယှဉ်ပြိုင်မှုအပြီးတွင် တစ်ဘက်(၂)ဂိုးစီသရေကျနေသဖြင့်၊ ပင်နယ်တီ အဆုံးအဖြတ်ဖြင့်  မြန်မာယူ-၂၂အသင်းမှ (၇)ဂိုး (၆)ဂိုးဖြင့် အနိုင်ရရှိကာ ကြေးတံဆိပ်(၁)ခု ရရှိခဲ့ပါသည်။
အဆိုပါ ပြိုင်ပွဲများသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ မြန်မာအားကစားအဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးနှင့် တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံဘိလိယက် နှင့် စနူကာအဖွဲ့ချုပ်မှ တာ၀န်ရှိသူများသည် ပြိုင်ပွဲများအား လိုက်လံကြည့်ရှုအားပေးကာ ဆုရရှိသူများအား ဆုများပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ ပြေးခုန်ပစ်ပြိုင်ပွဲများကို New Clark Athletics Stadium ၌ ကျင်းပပြုလုပ်ရာ အမျိုးသမီး မီတာ (၅၀၀၀)    ဗိုလ်လုပွဲ ပွဲစဉ်တွင် မြန်မာမှ နာဂါမလာက စံချိန်(၁၉.၂၆.၉၅)စက္ကန့်ဖြင့် ပဉ္စမနေရာမှ ပန်း၀င်၍လည်းကောင်း၊ အမျိုးသား(၁၀)မျိုးစုံပြိုင်ပွဲတွင် ယနေ့နောက်ဆုံးနေ့ပြိုင်ပွဲ၌ မြန်မာမှ ပိုင်ကို၀င်းသည် (၅၈၁၃)မှတ်ဖြင့် အဆင့်(၆)နေရာ ရရှိခဲ့ပါသည်။

ဆက်လက်၍SCC Angeleles University Foundation ၌ ကျင်းပသည့် နပန်းပြိုင်ပွဲ  နောက်ဆုံးနေ့ပြိုင်ပွဲများကို ကျင်းပရာ (၅၅)ကီလိုတန်းမှာ မြန်မာမှ မျိုးထွန်းသည် ကြေးတံဆိပ်(၁)ခုနှင့် Free Style (၆၁)ကီလိုတန်းပြိုင်ပွဲတွင် ၀ဏ္ဏထွန်း၊ (၆၅)ကီလိုတန်းပြိုင်ပွဲတွင် လန်ထောင်လျန်၊ (၁၂၅) ကီလိုတန်းတွင် ဇော်ဇော််အောင်တို့မှာ ရှုံးနိမ့်ခဲ့ပါသည်။
ဆက်လက်၍ Subic Freeport ၌ ကျင်းပပြုလုပ်သည့် သေနတ်ပစ်အားကစားပြိုင်ပွဲတွင်Trap Men's Qualification 5 Rounds အမျိုးသား(၃)ယောက်တွဲ အသင်းလိုက်ပွဲစဉ်တွင် မြန်မာအသင်းက စတုတ္ထနေရာ ရရှိခဲ့ပါသည်။

အဆိုပါ ပြိုင်ပွဲများသို့ မြန်မာအားကစားအဖွဲ့ ဒုတိယခေါင်းဆောင် ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်နှင့် တာ၀န်ရှိသူတို့သည် လိုက်လံကြည့်ရှု အားပေးလျက် ရှိပါသည်။
    နောက်ဆုံးနေ့ ပြိုင်ပွဲများအပြီးတွင် မြန်မာနိုင်ငံအနေဖြင့်  ဆုတံဆိပ်ရရှိမှုမှာ ရွှေ(၄)ခု၊ ငွေ(၁၈)ခု၊ ကြေး(၅၂)ခု ရရှိပြီး မြန်မာနိုင်ငံအနေဖြင့် အဆင့်(၇)နေရာတွင် ရပ်တည်နေကြောင်း သိရှိရပါသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%83%E1%81%80%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%A1%E1%80%9B%E1%80%BE%E1%80%B1%E1%80%B7%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%A1%E1%80%AC%E1%80%9B%E1%80%BE%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%98%E1%80%AD%E1%80%9C%E1%80%AD%E1%80%9A%E1%80%80%E1%80%BA%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%8A%E1%80%BA%E1%80%B8%E1%80%99%E1%80%BE-%E1%80%9B%E1%80%BD%E1%80%BE%E1%80%B1%E1%80%90%E1%80%B6%E1%80%86%E1%80%AD%E1%80%95%E1%80%BA%E1%81%81%E1%80%81%E1%80%AF%E1%81%8A