spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ကရင်ပြည်နယ် ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၁)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ကျင်းပ

ကရင်ပြည်နယ် ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၁)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ကျင်းပ

 

 

ဘားအံ ဒီဇင်ဘာ ၁၁

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၂၀၁၉ခုနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၁) နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲကို ဘောလုံးအားကစား သမားကောင်းများ ပြည်နယ်အတွင်း တိုးတက်စေရေးအတွက် ရည်ရွယ်ပြီး ယှဉ်ပြိုင်သွားမည် ဖြစ်ရာ ဖွင့်ပွဲကို ယမန်နေ့ ညနေ (၃)နာရီ က စတင်ကာ ဘားအံမြို့အောင်သံလွင် အားကစား ကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အမှာစကားပြောကြားကာ ဖွင့်လှစ်ပေးလိုက်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုဝန်ကြီးတို့က ဖွင့်ပွဲတွင်ပါဝင်ကူညီပေးကြသော ဆိုင်းဘုတ်ကိုင်အဖွဲ့ များ၊ ဘင်ခရာအဖွဲ့များအား ဂုဏ်ပြုငွေများ ပေးအပ်ပေးခဲ့ကြသည်။

 

ထို့နောက် အားကစားသမားများက အားကစားသစ္စာ အဓိဋ္ဌာန်ရွတ်ဆိုကာ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြပြီး ပွဲဦးထွက်အဖြစ် ကော့ကရိတ်မြို့နယ် ဘောလုံးအသင်းနှင့် ကြာအင်းဆိပ်ကြီးမြို့နယ် ဘောလုံးအသင်းတို့ စတင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

 

အဆိုပါ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက် (၂၁) နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲတွင် ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မြဝတီမြို့နယ်၊ ဖာပွန်မြို့နယ်၊ ဘားအံမြို့နယ်၊ သံတောင်ကြီးမြို့နယ်၊ လှိုင်းဘွဲမြို့နယ် ဘောလုံးအသင်း (၇) သင်းက အုပ်စုပတ်လည်ပွဲစဉ်များအဖြစ် ယှဉ်ပြိုင် သွားကြမှာဖြစ်ပြီး ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် အပြီးသတ်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 

နေမျိုးလွင်(ပြန်/ဆက်)


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%80%E1%80%9B%E1%80%84%E1%80%BA%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA%E1%80%96%E1%80%9C%E1%80%AC%E1%80%B8-%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AF%E1%80%B6-%E1%80%A1%E1%80%9E%E1%80%80%E1%80%BA%E1%81%82%E1%81%81%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%A1%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8-%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2