spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မင်းတပ်ခရိုင်အုပ်ချုပ်ရေးမှူးဖလား အလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ကြက်တောင်ရိုက်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

မင်းတပ်ခရိုင်အုပ်ချုပ်ရေးမှူးဖလား အလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ကြက်တောင်ရိုက်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

 

မင်းတပ် ၁၁ ဒီဇင်ဘာ  

ချင်းပြည်နယ် မင်းတပ်မြို့ ခရိုင်အုပ်ချုပ်ရေးမှူးဖလား အလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ကြက်တောင်ရိုက်ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် ဦးဝမ္မသူးဟာရှိန်း အားကစားခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူးက ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ကစားသမား အချင်းချင်း စည်းလုံးညီညွတ်စွာ အားကစားစိတ်ဓာတ်ဖြင့် ကြိုးစားယှဉ်ပြိုင်ကြရန်၊ ယခုအားကစားပြိုင်ပွဲကဲ့သို့ အခြားအားကစားပြိုင်ပွဲများလည်း ရာသီအလိုက်ကျင်းပပေးလျက်ရှိကြောင်း၊ လူငယ်များအနေဖြင့် မည်သည့်အားကစားမဆို ဝါသနာအရင်းခံပြီး ကြိုးစားလှုပ်ရှားပါဝင်ကြရန်လိုကြောင်း၊ အားကစားတွင် ပါဝင်လှုပ်ရှားခြင်းဖြင့် မိမိဒေသ၏ဂုဏ်ကို မြှင့်တင်ရာရောက်ကြောင်း မှာကြားသည်။ ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက နိုင်ငံတော်အလံကို အလေးပြုကြကာ အားကစားသစ္စာအဓိဌာန် ရွက်ဆိုကြသည်။

 

အမျိုးသားအလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အသင်း ၈ သင်းနှင့် အမျိုးသား အလွတ်တန်း ကြက်တောင်ရိုက် နှစ်ယောက်တွဲပြိုင်ပွဲတွင် ၁၀ တွဲတို့ ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုများကို ဒီဇင်ဘာ ၁၇ ရက်တွင် ဆုပေးပွဲကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ခွီရှိန်း(ခရိုင် ပြန်/ဆက်)


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%95%E1%80%BA%E1%80%81%E1%80%9B%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%A1%E1%80%AF%E1%80%95%E1%80%BA%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8%E1%80%99%E1%80%BE%E1%80%B0%E1%80%B8%E1%80%96%E1%80%9C%E1%80%AC%E1%80%B8-%E1%80%A1%E1%80%9C%E1%80%BD%E1%80%90%E1%80%BA%E1%80%90%E1%80%94%E1%80%BA%E1%80%B8%E1%80%95%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%BA%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA