spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အောင်ပွဲရမြန်မာအားကစားအဖွဲ့ပြန်လည်ရောက်ရှိကြိုဆို

အောင်ပွဲရမြန်မာအားကစားအဖွဲ့ပြန်လည်ရောက်ရှိကြိုဆို

ရန်ကုန်၊ ဒီဇင်ဘာလ(၁၁)ရက်။        

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပပြုလုပ်သော အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဘိလိယက်အားကစားအဖွဲ့မှ ငွေတံဆိပ်(၁)ခု၊ တိုက်ကွမ်ဒို အားကစားအဖွဲ့မှ ကြေးတံဆိပ်(၁)ခု ၊ ကရာတေးအားကစားအဖွဲ့မှ ကြေးတံဆိပ်(၁)ခု၊ မြားပစ်အားကစားအဖွဲ့မှ ကြေးတံဆိပ်(၁)ခု၊ လက်ဝှေ့ အားကစားအဖွဲ့မှ ငွေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၂)ခု၊ ရွက်လှေအားကစားအဖွဲ့မှ ကြေးတံဆိပ်(၁)ခု ပြေးခုန်ပစ်အားကစားအဖွဲ့မှ ကြေးတံဆိပ်(၁)ခု ဖြင့်ရရှိခဲ့သော အားကစားသမားများနှင့် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်အတူ ယမန်နေ့ညနှင့် နံနက်ပိုင်းတို့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ဦးစီးဌာနညွှန်ကြားရေးမှူးဦးအောင်မိုး၊ သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များမှ အမှုဆောင်များ၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)မှ သင်တန်းသား/သင်တန်းသူများ၊ မိဘဆွေမျိုးများက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြကြောင်း သိရှိရသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%9B%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%A1%E1%80%96%E1%80%BD%E1%80%B2%E1%80%B7%E1%80%95%E1%80%BC%E1%80%94%E1%80%BA%E1%80%9C%E1%80%8A%E1%80%BA%E1%80%9B%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%9B%E1%80%BE%E1%80%AD%E1%80%80%E1%80%BC%E1%80%AD%E1%80%AF%E1%80%86%E1%80%AD%E1%80%AF