spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၁၉-၂၀၂၀ ရာသီ ဖူဆယ်လိဂ်ပြိုင်ပွဲ အမျိုးသားအားကစားပြိုင်ပွဲရုံ-၂ လှိုင်၌ ကျင်းပ

၂၀၁၉-၂၀၂၀ ရာသီ ဖူဆယ်လိဂ်ပြိုင်ပွဲ အမျိုးသားအားကစားပြိုင်ပွဲရုံ-၂ လှိုင်၌ ကျင်းပ

ဖူဆယ်လိဂ်ပြိုင်ပွဲတွင် MIU၊ VUC နှင့်GV အသင်း ရာနှုန်းပြည့် နိုင်ပွဲဆက်
==================================================

ရန်ကုန် ဒီဇင်ဘာ ၁၁
၂၀၁၉-၂၀၂၀ ရာသီ ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၅)ကို ဒီဇင်ဘာ ၁၁ ရက်က အမျိုးသားအားကစားပြိုင်ပွဲရုံ-၂ လှိုင်၌ ကျင်းပရာ MIU၊ VUC နှင့် GV အသင်းတို့ ရာနှုန်းပြည့်နိုင်ပွဲဆက်နေပြီး ဇယားထိပ်၌ အပြိုင်ဖြစ်နေသည်။

 

ပွဲစဉ် (၅) တွင် Do Do Ko Ko အသင်းက ဖူဆယ်ချစ်သူအသင်းကို လေးဂိုး-သုံးဂိုး၊ Winner အသင်းက MFF ယူ-၁၉ အသင်းကို ခြောက်ဂိုး-နှစ်ဂိုး၊ လက်ရှိ ချန်ပီယံ MIU အသင်းက On Doctor အသင်းကို ကိုးဂိုး-တစ်ဂိုး၊ VUC အသင်းက Dream Team အသင်းကို ရှစ်ဂိုး-တစ်ဂိုး၊ GV အသင်းက AMM Brothers အသင်းကို ခြောက်ဂိုး-တစ်ဂိုး၊ မြို့မ JY အသင်းက လက်ဝဲသုန္ဒရအသင်းကို လေးဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ပွဲစဉ် (၅) အပြီးတွင် VUC၊ MIU နှင့် GV အသင်းတို့က ၁၅ မှတ်စီ ရရှိထားသည်။

 

ရဲရင့်ရှိုင်း


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%81%E1%81%89-%E1%81%82%E1%81%80%E1%81%82%E1%81%80-%E1%80%9B%E1%80%AC%E1%80%9E%E1%80%AE-%E1%80%96%E1%80%B0%E1%80%86%E1%80%9A%E1%80%BA%E1%80%9C%E1%80%AD%E1%80%82%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%9B%E1%80%AF%E1%80%B6-%E1%81%82-%E1%80%9C%E1%80%BE%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%81%8C-%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95