spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ဆီးဂိမ်း ရွှေဆုရှင် ဘုန်းမြင့်ကျော် (ခ) မောင်မောင် ကမ္ဘာ့ 9Ball ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်

ဆီးဂိမ်း ရွှေဆုရှင် ဘုန်းမြင့်ကျော် (ခ) မောင်မောင် ကမ္ဘာ့ 9Ball ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်

 

၁၂ ဒီဇင်ဘာ

ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲတွင် နိုင်ငံအတွက် ရွှေတံဆိပ်နှစ်ခု ရယူပေးခဲ့သည့် မြန်မာ့လက်ရွေးစင် Pool ကစားသမား ဘုန်းမြင့်ကျော် (ခ) မောင်မောင်သည် ကာတာနိုင်ငံ၌ ကျင်းပမည့် ကမ္ဘာ့ချန်ပီယံရှစ် 9Ball ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ကမ္ဘာ့ချန်ပီယံရှစ် 9Ball ပြိုင်ပွဲကို ဒီဇင်ဘာ ၁၃ ရက်မှ ၁၇ ရက်အထိ ကာတာနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ မောင်မောင်တစ်ဦးတည်း ယှဉ်ပြိုင်မည်ဖြစ်သည်။ မောင်မောင်သည် ယင်းပြိုင်ပွဲယှဉ်ပြိုင်ရန် ဒီဇင်ဘာ ၁၁ ရက် ညနေပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံမှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာသော်လည်း ဒီဇင်ဘာ ၁၂ ရက် နံနက်အစောပိုင်းတွင် ကာတာနိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့သည်။ ကမ္ဘာ့ချန်ပီယံရှစ် 9Ball ပြိုင်ပွဲတွင် ဆုကြေးငွေစုစုပေါင်း ဒေါ်လာ ၁၅၀ဝ၀ဝ ချီးမြင့်မည်ဖြစ်ပြီး ၆၄ ဦးအဆင့်မှစတင်ကာ ဆုကြေးငွေများ ရရှိမည်ဖြစ်ပြီး ချန်ပီယံဆုရသည့် ကစားသမားမှာ ဒေါ်လာ ၃၀ဝ၀ဝ ရရှိမည်ဖြစ်သည်။ 

မြန်မာကစားသမားများသည် ယခင်က ကမ္ဘာ့ချန်ပီယံရှစ် 9Ball ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ဖူးသော်လည်း ဆုတံဆိပ်ရယူနိုင်ခြင်းမရှိခဲ့ဘဲ ယခုပြိုင်ပွဲယှဉ်ပြိုင်မည့် မောင်မောင်သည် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ပူပူနွေးနွေး ရွှေတံဆိပ်ရထားသောကြောင့် အောင်မြင်မှုရယူနိုင်ရန် အခွင့်အရေးများရှိနေသည်။

မောင်မောင်သည် ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေတံဆိပ်နှစ်ခုရယူကာ အအောင်မြင်ဆုံးကစားသမားဖြစ်ခဲ့ပြီး 9Ball Pool ပြိုင်ပွဲ တစ်ဦးချင်းနှင့် နှစ်ယောက်တွဲပြိုင်ပွဲနှစ်ခုစလုံးတွင် ရွှေတံဆိပ်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%86%E1%80%AE%E1%80%B8%E1%80%82%E1%80%AD%E1%80%99%E1%80%BA%E1%80%B8-%E1%80%9B%E1%80%BD%E1%80%BE%E1%80%B1%E1%80%86%E1%80%AF%E1%80%9B%E1%80%BE%E1%80%84%E1%80%BA-%E1%80%98%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%84%E1%80%BA%E1%80%B7%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%BA-%E1%80%81-%E1%80%99%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%99%E1%80%B1%E1%80%AC%E1%80%84%E1%80%BA-%E1%80%80%E1%80%99%E1%80%B9%E1%80%98%E1%80%AC%E1%80%B7-9ball-%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%BD%E1%80%84%E1%80%BA