spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၁၉ ခုနှစ် ဒီဇင်ဘာအားကစားလ (ဒုတိယ)အပတ် စုပေါင်းလူထုလမ်းလျှောက်ပွဲ လှည်းကူး၌ကျင်းပ

၂၀၁၉ ခုနှစ် ဒီဇင်ဘာအားကစားလ (ဒုတိယ)အပတ် စုပေါင်းလူထုလမ်းလျှောက်ပွဲ လှည်းကူး၌ကျင်းပ

 

လှည်းကူး  ၁၄  ဒီဇင်ဘာ

အားကစားနှင့် ကာယပညာဦးစီးဌာနမှကြီးမှူး၍ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှုရှိစေရန် ရည်ရွယ်၍ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ အားကစားလ (ဒုတိယ)အပတ် စုပေါင်းလူထုလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲက ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့မဈေးရှေ့မှစတင်၍ ဒရယ်ဘိုရွာထိပ်အထိ ပြည်သူလူထုအင်အား ၅၇၀  ခန့်က ပျော်ရွှင်စွာစုပေါင်းလမ်းလျှောက်ခဲ့ကြကြောင်း သိရသည်။  

 

၂၀၁၉ ခုနှစ် ဒီဇင်ဘာအားကစားလ (ဒုတိယ)အပတ် စုပေါင်းလူထုလမ်းလျှောက်ပွဲသို့  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းတန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးအောင်နှင့် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူလူထုများ စုစုပေါင်း(၅၇၀)ဦးခန့်တို့က စုပေါင်းလမ်းလျှောက်ခဲ့ ကြပြီး မြို့နယ်အားကစားကွင်းတွင် ကိုယ်ကာယကြံ့ခိုင်မှုရှိစေရန် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများကို ပျော်ရွှင်စွာ စုပေါင်းပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။   

 

နိုင်လင်း (လှည်းကူး)


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%81%E1%81%89-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%80%92%E1%80%AE%E1%80%87%E1%80%84%E1%80%BA%E1%80%98%E1%80%AC%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9C-%E1%80%92%E1%80%AF%E1%80%90%E1%80%AD%E1%80%9A%E1%80%A1%E1%80%95%E1%80%90%E1%80%BA-%E1%80%85%E1%80%AF%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%9C%E1%80%B0%E1%80%91%E1%80%AF%E1%80%9C%E1%80%99%E1%80%BA%E1%80%B8%E1%80%9C%E1%80%BB%E1%80%BE%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%9C%E1%80%BE%E1%80%8A%E1%80%BA%E1%80%B8%E1%80%80%E1%80%B0%E1%80%B8%E1%81%8C%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95