spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် ကျောင်းအခြေပြု မီနီမာရသွန်အ​ပြေးပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် ကျောင်းအခြေပြု မီနီမာရသွန်အ​ပြေးပြိုင်ပွဲကျင်းပ

 

ကျိုင်းတုံ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် ကျောင်းအခြေပြု မီနီမာရသွန်အ​ပြေးပြိုင်ပွဲကို ဒီဇင်ဘာ ၁၄ ရက်နံနက် ၆ နာရီက ကျင်းပသည်။

အဆိုပါ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ အာခါတိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး ဦးအာဗေလ၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားယဉ်ကျေးမှုအသင်းအဖွဲ့များ၊ ကျောင်းဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၂၅၀ဝ) ကျော်ခန့် တက်ရောက်ကာ ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွဲကြကြောင်း သိရသည်။

ဆက်လက်၍ ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင်ကျောင်းအခြေပြု မီနီမာရသွန် အပြေးပြိုင်ပွဲကို ကျင်းပရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ အခြေခံပညာကျောင်းပေါင်းစုံမှ ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူ (၅၀ဝ) ကျော်ခန့်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်ပြီး ပြိုင်ပွဲကို လွှတ်လပ်ရေး ကျောက်တိုင်မှ စတင်တာလွတ်ကာ(၃)မိုင်ခွဲခန့် အကွာအဝေးရှိ ပြည်နယ်ဘောလုံးအားကစားကွင်းသို့ ပန်းဝင်ခဲ့ကြသည်။

ထို့နောက်ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများကို လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

 

ရဲထက်ဦး(ပြန်/ဆက်)


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%9B%E1%80%BE%E1%80%99%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA%E1%80%A1%E1%80%9B%E1%80%BE%E1%80%B1%E1%80%B7%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%81%8A-%E1%80%80%E1%80%BB%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%AF%E1%80%B6%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%81%8C-%E1%80%9C%E1%80%B0%E1%80%91%E1%80%AF%E1%80%85%E1%80%AF%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%9C%E1%80%99%E1%80%BA%E1%80%B8%E1%80%9C%E1%80%BB%E1%80%BE%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7-%E1%80%86%E1%80%B1%E1%80%B8%E1%80%9C%E1%80%AD%E1%80%95%E1%80%BA%E1%80%84%E1%80%BD%E1%80%B1%E1%80%B7%E1%80%80%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%84%E1%80%BA