spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလ(ဒုတိယပတ်)လူထုစုပေါင်းလမ်းလျှောက်ပွဲဆင်နွှဲ

၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလ(ဒုတိယပတ်)လူထုစုပေါင်းလမ်းလျှောက်ပွဲဆင်နွှဲ

 
ရန်ကုန်၊ ဒီဇင်ဘာလ( ၁၄ )ရက်။
 
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနသည် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် တစ်နိုင်ငံလုံး အမျိုးသားလုံး အမျိုးသားအားကစားစိတ်ဓါတ်အပြည့်အ၀ဖြင့် ပြည်သူလူထုတစ်ရပ်လုံးလှုပ်ရှား ပါ၀င်ဆင်နွှဲစေရန်ရည်ရွယ်၍ ဒီဇင်ဘာလူထုအားကစားလ ဒုတိယပတ်လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်(၅)နာရီခွဲက ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အနောက်မြင်းပြိုင်ကွင်း လမ်းဂိတ်အမှတ်(၇)မှ စတင်တာထွက်ရာ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်၊ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း ၊ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်နှင့် အစိုးရအဖွဲ့ ၀န်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် (အား/ကာ)ခရိုင်/မြို့နယ် အရာရှိများ၊ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်နာယကများ၊ ဖိတ်ကြားထားသူများ၊  မြို့နယ်ပေါင်းစုံမှ ပြည်သူလူထုများ၊ ကျောင်းသား/ကျောင်းသူများ၊ ရန်ကင်းပညာရေးကောလိပ်မှ ဆရာ/ ဆရာမများ၊  အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ ကျောင်းသား/ကျောင်းသူများ၊ အထက(၄)တာမွေမှ ဘင်ခရာနှင့် ပန်းပွားအက ကျောင်းသူလေးများနှင့်အတူ တပျော်တပါး စုပေါင်းလမ်းလျှောက်ပွဲကို ပါ၀င်ဆင်နွှဲခဲ့ကြသည်။
 
 
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေး၀န်ကြီး ဦးနိုင်ငံလင်းက သေနတ်ပစ်ဖောက်၍ စတင်တာလွှတ်ပေးခဲ့ရာ စုပေါင်းလမ်းလျှောက်ပွဲကို အနောက်မြင်းပြိုင်ကွင်း လမ်းဂိတ်အမှတ်(၇)မှ စတင်တာထွက်၍ မြောက်မြင်းပြိုင်ကွင်းလမ်းအတိုင်းပတ်ကာ အရှေ့မြင်းပြိုင်ကွင်းလမ်းမှ တောင်မြင်းပြိုင်ကွင်းလမ်းဂိတ်အမှတ်(၆)သို့ ပြန်လည်ပန်း၀င်၍ မြို့နယ်အလိုက် လူဦးရေ ၅၀၀၀၀ခန့်ပြည်သူများက စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး အစီအစဉ် အတွဲအမှတ်(၁/၂)တို့နှင့် Myanmar Fitness Dance  အကလေ့ကျင့်ခန်းများပြုလုပ်ကြပြီး လမ်းလျှောက်ပွဲ ပါ၀င်ဆင်နွှဲခဲ့ကြသည်။
 
ဒီဇင်ဘာလတတိယပတ်(၂၁)ရက်နေ့တွင် လူထုစုပေါင်းလမ်းလျှောက်ပွဲကို မြို့မကျောင်းလမ်း စကား၀ါလမ်းဆုံတွင် ပြုလုပ်မည်ဖြစ်ပါကြောင်းသတင်းရရှိသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%81%E1%81%89%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%92%E1%80%AE%E1%80%87%E1%80%84%E1%80%BA%E1%80%98%E1%80%AC%E1%80%9C%E1%80%B0%E1%80%91%E1%80%AF%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9C%E1%80%92%E1%80%AF%E1%80%90%E1%80%AD%E1%80%9A%E1%80%95%E1%80%90%E1%80%BA%E1%80%9C%E1%80%B0%E1%80%91%E1%80%AF%E1%80%85%E1%80%AF%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%9C%E1%80%99%E1%80%BA%E1%80%B8%E1%80%9C%E1%80%BB%E1%80%BE%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%86%E1%80%84%E1%80%BA%E1%80%94%E1%80%BD%E1%80%BE%E1%80%B2