ထီးလင်း
ဂန့်ဂေါခရိုင် ထီးလင်းမြို့၌ ဒီဇင်ဘာ အားကစားလ ဒုတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၆ နာရီက ပြုလုပ်ကျင်းပသည်။
အဆိုပါ လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဉီးရဲမင်းထွန်း၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက်များမှပြည်သူများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ စုစုပေါင်း အင်အား(၇၅၂)ဉီး ပါဝင်ဆင်နွှဲခဲ့ကြပြီး ထီးလင်းမြို့ ရာဇမုနိစေတီတော်အနီး စုရပ်မှစ၍မြို့တစ်ပတ် စုပေါင်းလမ်းလျှောက်ကြကာ မြို့မ အားကစားကွင်း၌ စုပေါင်းကိုယ်လက် ကြံ့ခိုင်ရေး လေ့ကျင့်ခန်း အတွဲ(၁၊၂)နှင့် Myanmar Fitness Danceအကများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အောင်စည်(ပြန်/ဆက်)