spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ချင်းပြည်နယ် မင်းတပ်ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနက ကြီးမှူးကျင်းပသောဒီဇင်ဘာလ (ဒုတိယပတ်) လူထုလှုပ်ရှားအားကစားစုပေါင်း လမ်းလျှောက်ပွဲကျင်းပ

ချင်းပြည်နယ် မင်းတပ်ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနက ကြီးမှူးကျင်းပသောဒီဇင်ဘာလ (ဒုတိယပတ်) လူထုလှုပ်ရှားအားကစားစုပေါင်း လမ်းလျှောက်ပွဲကျင်းပ

 

မင်းတပ်

ချင်းပြည်နယ် မင်းတပ်ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနက ကြီးမှူးကျင်းပသောဒီဇင်ဘာလ (ဒုတိယပတ်) လူထုလှုပ်ရှားအားကစားစုပေါင်း လမ်းလျှောက်ပွဲကို မင်းတပ်မြို့ပေါ်ရှိခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်နေမိဘပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ စုပေါင်း၍ ယနေ့ နံနက် ၅ နာရီခွဲတွင် မင်းတပ်မြို့ မြို့မဘောလုံးကွင်းမှအနောက်ရပ်ကွက် မင်းတပ်-မတူပီလမ်းအတိုင်း ကန်ပက်လက် လမ်းခွဲအထိ စုပေါင်းလမ်းလျှောက်ကြသည်။

အဆိုပါ စုပေါင်းလမ်းလျှောက်ပွဲတွင် ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်နေမိဘ ပြည်သူများနှင့် ကျောင်းသား/သူများစုစုပေါင်း ၂၅၀ဝ ခန့်ပါဝင်ခဲ့ကြပြီး မင်းတပ်မြို့ မြို့မဘောလုံးကွင်း၌ Physical Fitness Dances အကဖြင့် ကိုယ်ကာယလေ့ကျင့်ခန်းများ စုပေါင်း ပြုလုပ်ခဲ့ကြသည်။

ယင်းနောက် ဒီဇင်ဘာလ(ဒုတိယပတ်) လူထုလှုပ်ရှား အားကစားစုပေါင်းလမ်းလျှောက်ပွဲတွင် ပါဝင်ကြသူများကို ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနကကောက်ညှင်းပေါင်းနှင့် ရေသန့်ဘူးများ ပေးဝေကြောင်း၊ ဒီဇင်ဘာလ(တတိယပတ်) လူထုလှုပ်ရှားအားကစား စုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၂၁ ရက်နေ့တွင်ပြန်လည်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ခွီရှိန်း(ခရိုင်ပြန်/ဆက်)


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%81%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%95%E1%80%BA%E1%80%81%E1%80%9B%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7-%E1%80%80%E1%80%AC%E1%80%9A%E1%80%95%E1%80%8A%E1%80%AC%E1%80%A6%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%80%80-%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%99%E1%80%BE%E1%80%B0%E1%80%B8%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%9E%E1%80%B1%E1%80%AC%E1%80%92%E1%80%AE%E1%80%87%E1%80%84%E1%80%BA%E1%80%98%E1%80%AC%E1%80%9C-%E1%80%92%E1%80%AF%E1%80%90%E1%80%AD%E1%80%9A%E1%80%95%E1%80%90%E1%80%BA