spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ညောင်ဦးမြို့တွင် နိုင်ငံတကာချစ်ကြည်ရေး Myanmar Run မာရသွန်ပြိုင်ပွဲကျင်းပ

ညောင်ဦးမြို့တွင် နိုင်ငံတကာချစ်ကြည်ရေး Myanmar Run မာရသွန်ပြိုင်ပွဲကျင်းပ

 

ညောင်ဦး ၁၅ ဒီဇင်ဘာ

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် China Daily သတင်းဌာနတို့ပူးပေါင်း၍ နိုင်ငံတကာချစ်ကြည်ရေး Myanmar Run မာရသွန်ပြိုင်ပွဲကို ယနေ့နံနက် ၅ နာရီ ၂၅ မိနစ်က ညောင်ဦးမြို့တွင် ကျင်းပပြုလုပ်သည်။

အဆိုပါမာရသွန်ပြိုင်ပွဲကို မန္တလေးတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီး ဦးမြတ်သူ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူးဦးစိုးတင့်နှင့် တာဝန်ရှိသူများက ဖွင့်လှစ်ပေးသည်။

နိုင်ငံတကာချစ်ကြည်ရေး Myanmar Run မာရသွန်ပြိုင်ပွဲကို မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားလာရေးကဏ္ဍ တိုးတက်ဖွံ့ဖြိုးမှု အထောက်အကူပြုစေရန်၊ အားကစားပြိုင်ပွဲများမှတစ်ဆင့် တရုတ်-မြန်မာ နှစ်နိုင်ငံပြည်သူများကြား ချစ်ကြည်ရင်းနှီးမှုများ ပိုမိုခိုင်မာလာစေရန်နှင့် ပြိုင်ပွဲဝင်ကြေးများဖြင့် လိုအပ်သည့်နေရာများတွင် ပြန်လည်ထောက်ပံ့လှူဒါန်းနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း China Daily & RVIPS မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

 

Myanmar Run 2019 ပြိုင်ပွဲတွင် နိုင်ငံပေါင်း (၁၅)နိုင်ငံမှ  အားကစားသမား (၃၀၀)ဦးတို့က ၁၀ ကီလိုမီတာ စိန်ခေါ်ပြိုင်ပွဲနှင့် ၅ ကီလိုမီတာ အပျော်တမ်းအပြေးပြိုင်ပွဲများကို ပါဝင်ဆင်နွှဲကြပြီး ပြိုင်ပွဲအမျိုးအစားအလိုက် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် အမျိုးသား၊ အမျိုးသမီးများအား ယွန်းထည်ပစ္စည်းများ၊ ဂုဏ်ပြုဆုဖလားများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

ဖေလိန်း(ပုဂံ)


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%8A%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%A6%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%90%E1%80%80%E1%80%AC%E1%80%81%E1%80%BB%E1%80%85%E1%80%BA%E1%80%80%E1%80%BC%E1%80%8A%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8-myanmar-run-%E1%80%99%E1%80%AC%E1%80%9B%E1%80%9E%E1%80%BD%E1%80%94%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95