spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၁၉ ခုနှစ် စတုတ္ထအကြိမ်မြောက် ကျောင်းပေါင်းစုံ တံခွန်စိုက်ဖလား ရွက်လှေပြိုင်ပွဲကျင်းပ

၂၀၁၉ ခုနှစ် စတုတ္ထအကြိမ်မြောက် ကျောင်းပေါင်းစုံ တံခွန်စိုက်ဖလား ရွက်လှေပြိုင်ပွဲကျင်းပ

 

ရန်ကုန် ၁၅ ဒီဇင်ဘာ

၂၀၁၉ခုနှစ် စတုတ္ထအကြိမ်မြောက် ကျောင်းပေါင်းစုံ တံခွန်စိုက်ဖလား ရွက်လှေပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ အင်းယားကန်ရှိ ရန်ကုန်ရွက်လှေအသင်း၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးမောင်ဝင်း၊ နည်းပြချုပ် ဦးစိုင်းပြည့်စုံဟိန်း၊ မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ်မှ အမှုဆောင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ဒုတိယ ကျောင်းအုပ်ကြီး ဦးဗလကျော်သူနှင့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြသည်။

ရှေးဦးစွာ မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးမောင်ဝင်း က အဖွင့်အမှာစကား ပြောကြားပြီး နည်းပြချုပ် ဦးစိုင်းပြည့်စုံဟိန်းက ပြိုင်ပွဲကျင်းပခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးမောင်ဝင်း က ပြိုင်ပွဲကျင်းပရေးအတွက် စပွန်ဆာအဖြစ် တာဝန်ပေးခဲ့သော Jhaom TCM Partners Co.,Ltd နှင့် Vicee  Vitamin –c တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများအား ပေးအပ်သည်။

အဆိုပါပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစား(၆)မျိုး ကျင်းပမည်ဖြစ်ပြီး အားကစားသမားစုစုပေါင်း ၂၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သတင်းရရှိသည်။

MDN


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%81%E1%81%89-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%80%85%E1%80%90%E1%80%AF%E1%80%90%E1%80%B9%E1%80%91%E1%80%A1%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AF%E1%80%B6-%E1%80%90%E1%80%B6%E1%80%81%E1%80%BD%E1%80%94%E1%80%BA%E1%80%85%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%96%E1%80%9C%E1%80%AC%E1%80%B8-%E1%80%9B%E1%80%BD%E1%80%80%E1%80%BA%E1%80%9C%E1%80%BE%E1%80%B1%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95