spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > (၆၁)ကြိမ်မြောက် အမျိုးသားတံခွန်စိုက် တောင်ဆင်းလမ်းကြမ်း ခရီးစက်ဘီးစီးပြိုင်ပွဲကျင်းပ

(၆၁)ကြိမ်မြောက် အမျိုးသားတံခွန်စိုက် တောင်ဆင်းလမ်းကြမ်း ခရီးစက်ဘီးစီးပြိုင်ပွဲကျင်းပ

 

 

မန္တလေး ၁၅  ဒီဇင်ဘာ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသြကြီးအစိုးရအဖွဲ့၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့၏ လမ်းညွှန်မှုဖြင့် Myan Shwe Pyi Tractors Limited နှင့် မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ မြန်မာနိုင်ငံတဝန်းလုံးရှိ လူငယ်များစက်ဘီး အားကစားနည်းတွင် စိတ်ပါဝင်စားလာစေရန် ထူချွန်ထက်မြက်၍ နိုင်ငံဂုဏ်ဆောင်နိုင်သော စက်ဘီးအားကစား သမားမျိုးဆက်သစ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်ချက်တို့ဖြင့် ကျင်းပပြုလုပ်သည့် အမျိုးသားတံခွန်စိုက် တောင်အဆင်းလမ်းကြမ်းခရီး ဆက်ဘီးစီးပြိုင်ပွဲကို မန္တလေးပုသိမ်ကြီးမြို့နယ်နေ ကာတောင်ပေါ်ရှိ သတ်မှတ်တာလွှတ်နေရာ၌ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

အဆိုပါ တောင်အဆင်းလမ်းကြမ်း ခရီးစက်ဘီးစီး ပြိုင်ပွဲတွင် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းတိုင်းရွှေဘို တို့နှင့်ပြည်နယ်နှင့် တိုင်းအသင်းများနှင့် အားကာသိပ္ပံအသင်းနှင့် ကလပ်အသင်း ၁၃ သင်းတို့မှ လူသစ်တန်းပြိုင်ပွဲဝင် ၁၁ ဦး၊ အလွတ်တန်းပြိုင်ပွဲဝင် ၉ ဦး စုစုပေါင်း စက်ဘီးစီးအားကစား သမား ၂၀ ပါဝင်ခဲ့ကြပြီး တာထွက်စုရပ်နေရာသို့ ရောက်ရှိနေရာယူကြပြီး ပြိုင်ပွဲဝင်စက်ဘီးစီး အားကစားသမားများက တာထွက်စုရပ်မှတစ်ဦးချင်း အစီအစဉ်အတိုင်း တောင်ထိပ်တာထွက်နေရာမှ လမ်းအတိုင်းနေကာတောင်ခြေတာ ဖမ်းစုရပ်နေရာသို့ အကြိတ်အနယ်စီးနင်း ယှဉ်ပြိုင်ပန်းဝင် ခဲ့ကြသည်။

ပြိုင်ပွဲအပြီး ဆုချီးမြှင့်ပွဲကို ဆုပေးမဏ္ဍပ်တွင် ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း၊ ဒုတိယဥက္ကဋ္ဌ ဦးမြတ်သူနှင့် တာဝန်ရှိသူတို့က လူသစ်တန်းပြိုင်ပွဲ၌ လရောင်ကပထမဆု၊ ကျော်ဇင်သန့်က ဒုတိယ၊ ထားဝယ်က တတိယဆုနှင့် စတုထ္ထဆုရ Justin၊ ပဉ္စမဆုရ စိုင်းမိုးဦးနှင့် ကျန်အဆင့် ၁၀ အထိ ဆုရရှိသူများကိုလည်းကောင်း အလွတ်တန်းပြိုင်ပွဲတွင် အစိုင်း ကပထမ၊ နိုင်ထွန်းက ဒုတိယ၊ အောင်ပိုင်စိုးကတတိယ၊ ဝေယံလင်းကစတုထ္ထ၊ ခိုင်ခန့် က ပဉ္စမနှင့် ကျန်အဆင့် ၈ အထိ ဆုရရှိသူတို့ကိုလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်နှင့် ဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် တက်ရောက်အားပေးကြသော အဖွဲ့ချုပ်မှ တာဝန်ရှိသူများ စက်ဘီးဝါသနာရှင်များအား စေတနာရှင်များက ရွိဒင်ရယ်-ဒီ အားဖြည့် အချိုရည်ဘူးများ ပေးဝေခဲ့ကြကြောင်း သိရသည်။

 

တင်မောင်မန်းကိုယ်ပွား


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%86%E1%81%81%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%90%E1%80%B6%E1%80%81%E1%80%BD%E1%80%94%E1%80%BA%E1%80%85%E1%80%AD%E1%80%AF%E1%80%80%E1%80%BA-%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%86%E1%80%84%E1%80%BA%E1%80%B8%E1%80%9C%E1%80%99%E1%80%BA%E1%80%B8%E1%80%80%E1%80%BC%E1%80%99%E1%80%BA%E1%80%B8-%E1%80%81%E1%80%9B%E1%80%AE%E1%80%B8%E1%80%85%E1%80%80%E1%80%BA%E1%80%98%E1%80%AE%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95