spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > Myanmar Run 2019 in Bagan အပြေးပြိုင်ပွဲ ကျင်းပ

Myanmar Run 2019 in Bagan အပြေးပြိုင်ပွဲ ကျင်းပ

 

နေပြည်တော်   ၁၆   ဒီဇင်ဘာ

Myanmar Run 2019 in Bagan အပြေးပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ပုဂံမြို့ရှိ အာနန္ဒာဘုရား၌ ကျင်းပသည်။

အဆိုပါအပြေးပြိုင်ပွဲကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်၊ China Daily  နှင့် Resources Venture International Pubulication Services (RVIPS) တို့က ပူးပေါင်းကျင်းပခြင်းဖြစ်သည်။

နိုင်ငံတကာမှ အပြေးသမားများပါဝင်သော Sport Tourism အမျိုးအစားဖြစ်သည့် အပြေးပြိုင်ပွဲများကိုကျင်းပခြင်းဖြင့် မြန်မာနိုင်ငံ၏ အေးချမ်းသာယာလှပမှုနှင့်အတူ ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်ပုဂံဒေသရှိ ရှေးဟောင်းသမိုင်းဝင်စေတီပုထိုးများအား ကြည့်ရှုခံစား၍ ပြိုင်ပွဲဝင်ရခြင်းသည် ပါဝင်ဆင်နွှဲသူများအတွက် ထူးခြားသည့် အတွေ့အကြုံကို ရရှိစေမည် ဖြစ်ပြီး   ခရီးစဉ်အတွင်း တွေ့ကြုံခံစားခဲ့ရသော အတွေ့အကြုံကောင်းများ၊ ပုဂံဒေသ၏ ထူးခြားသည့် ခရီးသွားဆိုင်ရာဆွဲဆောင်မှုများကို ထပ်ဆင့်မျှဝေခြင်းဖြင့် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ ပိုမိုစိတ်ဝင်စားကာ  မြန်မာနိုင်ငံသို့ တစ်နှစ်ထက်တစ်နှစ် ပိုမိုလာရောက်လည်ပတ်စေမည့် ခရီးသွားမြှင့်တင်မှု အစီအစဉ်ကောင်းတစ်ရပ်ဖြစ်သည်။

အပြေးပြိုင်ပွဲသို့ နိုင်ငံပေါင်း(၁၄) နိုင်ငံမှ ပြိုင်ပွဲဝင်များနှင့် ပြည်တွင်းမှ ပြိုင်ပွဲဝင်များ ပါဝင်ယှဉ်ပြိုင်ခဲ့ကြြပီး  ၁၀ ကီလိုမီတာနှင့် ၅ ကီလိုမီတာတန်း နှစ်ခုပါဝင်ပြီး ဆုများကို ကီလိုမီတာတန်းတစ်ခုစီအတွက် နိုင်ငံတကာအမျိုးသားဆုများ၊ နိုင်ငံတကာအမျိုးသမီးဆုများ၊ ပြည်တွင်းအမျိုးသားဆုများနှင့်  ပြည်တွင်းအမျိုးသမီးဆုများ၊ ပါဝင်ယှဉ်ပြိုင်သူ အပြေးသမားများကို Completion Medal များကို ပေးအပ်ခဲ့သည်။

ဂျိုင်းလော


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/myanmar-run-2019-bagan-%E1%80%A1%E1%80%95%E1%80%BC%E1%80%B1%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95