spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ဟိုပန်၌ (EIM) ကိုယ်လက်လှုပ်ရှား ဆေးတပါး အစီအစဉ်ကျင်းပ

ဟိုပန်၌ (EIM) ကိုယ်လက်လှုပ်ရှား ဆေးတပါး အစီအစဉ်ကျင်းပ

 

ဟိုပန် ဒီဇင်ဘာ ၁၇

" ဝ " ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်ခရိုင် ဟိုပန်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်း၍ (EIM) ကိုယ်လက်လှုပ်ရှား ဆေးတပါး အစီအစဉ်ကို ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲ ၁ နာရီက မြို့နယ်အားကစားကွင်းတွင်ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်ဟိုပန်မြို့နယ်တွင်းရှိကျောင်းသားကျောင်းသူများက "ဝ"ရိုးရာအက၊Fitness Dance အကတို့ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်။ ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က "ဝ"ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်းတွင် အသုံးပြုရန်အတွက်အားကစားပစ္စည်းများဖြစ်သည့် ဘောလုံး(၁၀၀)လုံး၊ ဘောလီဘော(၅၀)လုံး၊ ပိုက်ကျော်ခြင်း (၅၀)လုံး၊ ပြေးခုန်ပစ်အားကစားနည်းအတွက် (သံလုံး၊ သံပြား၊ လှံတံ)နှင့်Outdoor Fitness (၅)စုံ၊ စုစုပေါင်း တန်ဖိုးငွေကျပ်(၄၀)ကို ပေးအပ်ခဲ့ရာ တိုင်းဦးစီးအဖွဲ့၊အတွင်းရေးမှူးဦးစန်းလှိုင်ကလက်ခံရယူ
ခဲ့ကြောင်း သိရသည်။

စိုင်းဇော်ခမ်း(ပြန်/ဆက်)


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%9F%E1%80%AD%E1%80%AF%E1%80%95%E1%80%94%E1%80%BA%E1%81%8C-eim-%E1%80%80%E1%80%AD%E1%80%AF%E1%80%9A%E1%80%BA%E1%80%9C%E1%80%80%E1%80%BA%E1%80%9C%E1%80%BE%E1%80%AF%E1%80%95%E1%80%BA%E1%80%9B%E1%80%BE%E1%80%AC%E1%80%B8-%E1%80%86%E1%80%B1%E1%80%B8%E1%80%90%E1%80%95%E1%80%AB%E1%80%B8-%E1%80%A1%E1%80%85%E1%80%AE%E1%80%A1%E1%80%85%E1%80%89%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95