spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > တံခွန်စိုက်ဒိုင်းဆုရ အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးအသင်းအား ဂုဏ်ပြုကြိုဆို

တံခွန်စိုက်ဒိုင်းဆုရ အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးအသင်းအား ဂုဏ်ပြုကြိုဆို

 

ရေး ဒီဇင်ဘာ ၁၇

၂၀၁၉ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင်ပထမဆု(တံခွန်စိုက်ဒိုင်းဆု)ရရှိခဲ့သော ရေးမြို့နယ် အမျိုးသားဘောလုံးအသင်းအား ယမန်နေ့မွန်းလွဲ ၂ နာရီက ရေးမြို့အဝင်၌ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

 

ဒိုင်းဆုကြီးရယူခဲ့သော ရေးမြို့နယ်အသင်းအား မြို့နယ်ခေတ္တအုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးညွန့်ဆွေနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာများ အသက်(၂၁)နှစ် အောက် အမျိုးသားဘောလုံးပြိုင်ပွဲဝင် အားကစားမိဘများနှင့် ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများက ရေးမြို့ဝင် တနင်္သာရီလမ်းမကြီးတစ်လျှောက် ဗိုလ်ချုပ်လမ်း မကြီးနှင့် ဘုရင့်နောင်လမ်းမကြီးတစ်လျှောက်တို့တွင် ကြိုဆိုခဲ့ကြသည်။

 

အဆိုပါပြိုင်ပွဲဝင်အသင်းသည် အကောင်းဆုံးဂိုးသမားဆု ရှေ့တန်းအားကစားသမားဆုနှင့် ပွဲစဉ်တလျှောက်အကောင်းဆုံးအားကစားသမားဆု တို့ကို ရရှိခဲ့ပြီး ၂၀၁၈ ခုနှစ် မွန်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ပထမဆု (တံခွန်စိုက်ဒိုင်းဆု)ကိုလည်း ရရှိခဲ့သည့်အသင်း ဖြစ်ကြောင်းသိရသည်။

 

အောင်းဖြိုး(ပြန်/ဆက်)

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%90%E1%80%B6%E1%80%81%E1%80%BD%E1%80%94%E1%80%BA%E1%80%85%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%92%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%86%E1%80%AF%E1%80%9B-%E1%80%A1%E1%80%9E%E1%80%80%E1%80%BA%E1%81%82%E1%81%81%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%A1%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%A1%E1%80%9E%E1%80%84%E1%80%BA%E1%80%B8%E1%80%A1%E1%80%AC%E1%80%B8-%E1%80%82%E1%80%AF%E1%80%8F%E1%80%BA%E1%80%95%E1%80%BC%E1%80%AF%E1%80%80%E1%80%BC%E1%80%AD%E1%80%AF%E1%80%86%E1%80%AD%E1%80%AF