spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ခင်ဦးမြို့၌ အသက် (၂၁) နှစ်အောက် ကလပ်အသင်းပေါင်းစုံ ဘောလုံး ပြိုင်ပွဲကျင်းပ

ခင်ဦးမြို့၌ အသက် (၂၁) နှစ်အောက် ကလပ်အသင်းပေါင်းစုံ ဘောလုံး ပြိုင်ပွဲကျင်းပ

 

ခင်ဦး ဒီဇင်ဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ (ဖလား) အသက် (၂၁) နှစ်အောက် ကလပ်အသင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့မအားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။

 

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်က အဖွင့် အမှာစကား ပြောကြား၍ ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။ ထို့နောက် ပြိုင်ပွဲဝင် အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုကြ ပြီး တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားအသင်းများ အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။

အဆိုပါအခမ်းအနားကို ခင်ဦးမြို့ အ-ထ-ကမှ ဘင်ခရာတီးဝိုင်၊ ပန်းပွားအကများဖြင့် ဖွင့်လှစ်ပေးပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းအောင်၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ဘောလုံးအားကစားဝါသနာရှင် ပရိသတ်တို့က ကြည့်ရှုအားပေးကြသည်။

 

အသက် (၂၁) နှစ်အောက် ကလပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် ကလပ် အသင်း (၈) သင်း ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပြီး ဖွင့်ပွဲနေ့တွင် အားကာ FC အသင်းက 7Star FC အသင်းကို ၁ ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိကြောင်း သိရသည်။

 

စိုးဝေအောင်(ခင်ဦး)

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%81%E1%80%84%E1%80%BA%E1%80%A6%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%81%8C-%E1%80%A1%E1%80%9E%E1%80%80%E1%80%BA-%E1%81%82%E1%81%81-%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%A1%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%80%E1%80%9C%E1%80%95%E1%80%BA%E1%80%A1%E1%80%9E%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AF%E1%80%B6-%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8-%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95