spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > နမ့်စန်တွင် အခြေခံပညာ ကျောင်းပေါင်းစုံ ပြေးခုန်ပစ် အားကစားပြိုင်ပွဲများ ကျင်းပ

နမ့်စန်တွင် အခြေခံပညာ ကျောင်းပေါင်းစုံ ပြေးခုန်ပစ် အားကစားပြိုင်ပွဲများ ကျင်းပ

နမ့်စန်(တ) ဒီဇင်ဘာ ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းပေါင်းစုံ ပြေးခုန်ပစ်အားကစားစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ နမ့်စန်အ.ထ.က ကျောင်း အားကစားကွင်းတွင် ကျင်းပခဲ့သည်။

 

ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် မူလတန်းအဆင့် ကျား/မ မီတာ (၅၀/၇၅/ ၁၀၀) ရိုးရိုးပြေး ၊ အလျားခုန် ၊ အမြင့်ခုန် ပြိုင်ပွဲတို့ကို ကျင်းပခဲ့ပြီး ဒီဇင်ဘာ ၁၇ ရက်နေ့တွင် အလယ်တန်းနှင့် အထက်တန်းအဆင့် ကျား/မ မီတာ(၁၀၀/၂၀၀/၄၀၀/၈၀၀)ရိုးရိုးပြေး ၊ မီတာ (၁၀၀x၄)၊(၄၀၀x၄) လက်ဆင့် ကမ်းအပြေး ၊ အလျားခုန် ၊ တန်းမြင့်ခုန်၊ သံလုံးပစ်၊သံပြားပစ်နှင့် လှံတံပစ်ပြိုင်ပွဲ များကို ကျင်းပခဲ့ရာ နမ့်စန်မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူ ဦးရေ ၇၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

 

 

အဆိုပါ အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများကို မြို့နယ်စုံညီပွဲတော် အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်ဆန်းမင်း ထံမှ သိရသည်။

 

သူရအောင်(ပြန်/ဆက်)

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%94%E1%80%99%E1%80%BA%E1%80%B7%E1%80%85%E1%80%94%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%A1%E1%80%81%E1%80%BC%E1%80%B1%E1%80%81%E1%80%B6%E1%80%95%E1%80%8A%E1%80%AC-%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AF%E1%80%B6-%E1%80%95%E1%80%BC%E1%80%B1%E1%80%B8%E1%80%81%E1%80%AF%E1%80%94%E1%80%BA%E1%80%95%E1%80%85%E1%80%BA-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%99%E1%80%BB%E1%80%AC%E1%80%B8-%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95