spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်နှင့် ဂျပန်နိုင်ငံ Seiko Cooperation (Golf Management) တို့မှ Myanmar Hero's Golf Management Co., Ltd အမည်ဖြင့် Myanmar Hero's Golf Project ကိုအကောင်အထည်ဖော်ဆောင်ရွက်မည့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး

မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်နှင့် ဂျပန်နိုင်ငံ Seiko Cooperation (Golf Management) တို့မှ Myanmar Hero's Golf Management Co., Ltd အမည်ဖြင့် Myanmar Hero's Golf Project ကိုအကောင်အထည်ဖော်ဆောင်ရွက်မည့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး

 ၁၉ ဒီဇင်ဘာ

မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်နှင့် ဂျပန်နိုင်ငံ Seiko Cooperation (Golf Management) တို့မှ Myanmar Hero's Golf Management Co., Ltd အမည်ဖြင့် Myanmar Hero's Golf Project ကိုအကောင်အထည်ဖော်ဆောင်ရွက်မည့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲ၊ ဂေါက်ကွင်းများသို့ world Handicap System (WHS) အသိအမှတ်ပြုလက်မှတ်  ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်ဂေါက်ကွင်း (တညင်းကုန်း) ၌ ကျင်းပသည်။

အခမ်းအနားသို့  မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် နာယကများ၊  ဥက္ကဋ္ဌ၊  ဗဟိုအလုပ်အမှုဆောင် များ၊ Myanmar Hero's Golf Project မှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာဂေါက်ကွင်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် နာယကများဖြစ်သည့်  ဗိုလ်ချုပ်ဝင်းလှိုင်(ငြိမ်း)နှင့် ပါမောက္ခဒေါက်တာ  ဦးမြင့်မောင်မောင်၊ ဥက္ကဋ္ဌ ဦးကိုကိုအေး၊ Myanmar Hero's Golf Management Co., Ltd အုပ်ချုပ်မှု ဒါရိုက်တာ Mr. Nomoto Ichisuzu နှင့် Marking Director Kazuo Nocla တို့က အမှာစကားပြောကြားပြီး၊ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်ကြည်က Myanmar Hero's Golf Project နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုးသည်။ 

ဆက်လက်၍ world Handicap System (WHS) နှင့်ပတ်သက်၍ နာယက ဗိုလ်ချုပ်ဇာနည်ဝင်း(ငြိမ်း)မှ ရှင်းလင်းပြောကြားပြီး သက်ဆိုင်ရာ ဂေါက်ကွင်းများသို့ အသိအမှတ်ပြုလက်မှတ်များကို ပေးအပ်ကာ  မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကိုကိုအေးက ကျေးဇူးတင်စကားပြောကြားသည်။

Myanmar Hero's Golf Project သည် မြန်မာနိုင်ငံအတွင်းရှိ ဂေါက်သီးအားကစားနည်းကို စိတ်ဝင်စားသည့် လူငယ်အမျိုးသမီးများအား ရွေးချယ်ကာ  ငါးနှစ်အတွင်း  နိုင်ငံတကာအဆင့် ဂေါက်သီးအားကစာသမားများ ဖြစ်လာစေရန် ပြုစု ပျိုးထောင်ပေးကာ အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းတစ်ခုဖြစ်ကြောင်းသိရသည်။

သတင်း-ဖိုးသော်ဇင်
ဓာတ်ပုံ-ဂေါက်သီးအဖွဲ့ချုပ်


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%82%E1%80%B1%E1%80%AB%E1%80%80%E1%80%BA%E1%80%9E%E1%80%AE%E1%80%B8%E1%80%A1%E1%80%96%E1%80%BD%E1%80%B2%E1%80%B7%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA-%E1%80%82%E1%80%BB%E1%80%95%E1%80%94%E1%80%BA%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6-seiko-cooperation-golf-management-%E1%80%90%E1%80%AD%E1%80%AF%E1%80%B7%E1%80%99%E1%80%BE