spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၂၀ တိုကျိုအိုလံပစ် တတိယအဆင့် ခြေစစ်ပွဲယှဉ်ပြိုင်ရန် မြန်မာအမျိုးသမီးအသင်း ဖွဲ့စည်း

၂၀၂၀ တိုကျိုအိုလံပစ် တတိယအဆင့် ခြေစစ်ပွဲယှဉ်ပြိုင်ရန် မြန်မာအမျိုးသမီးအသင်း ဖွဲ့စည်း

 

ရန်ကုန် ဒီဇင်ဘာ ၁၉

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနည်းပြချုပ် ဦးဝင်းသူမိုးသည် ၂၀၂၀ တိုကျိုအိုလံပစ် တတိယအဆင့် ခြေစစ်ပွဲယှဉ်ပြိုင်ရန် ပဏာမကစားသမားများ ရွေးချယ်လိုက်ပြီဖြစ်ပြီး ဒီဇင်ဘာ ၂၃ ရက်တွင် စတင်လေ့ကျင့်မည်ဖြစ်သည်။

 

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနည်းပြချုပ် ဦးဝင်းသူမိုးသည် ၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်ခဲ့သည့် ကစားသမား ၂၀ ကို အခြေခံကာ ကစားသမားသစ် ခြောက်ဦး အားဖြည့်ပြီး ၂၆ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

 

ကစား သမားသစ်ခြောက်ဦးမှာ ဇူးလဲ့နဒီ(ဂိုး)၊ နော်ထက်ထက်ဝေ၊ ဇွန်ယုယဦး၊ မိုးမိုးသန်း၊ ခင်မျိုးဝင်းနှင့် မိုးမမစိုးတို့ကို အားဖြည့်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ မြန်မာအမျိုးသမီး အသင်းသည် အိုလံပစ်ခြေစစ်ပွဲအတွက် ပြင်ဆင်ချိန် ငါးပတ် ကျော်သာရမည်ဖြစ်သည်။

 

အိုလံပစ် တတိယအဆင့်ခြေစစ်ပွဲကို ဖေဖော်ဝါရီ ၃ ရက်မှ ၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အုပ်စု(က) ပွဲစဉ် များကို တောင်ကိုရီးယားနိုင်ငံ၊ အုပ်စု(ခ)ပွဲစဉ်များကို တရုတ် နိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။ အုပ်စုတစ်ခုစီမှ ထိပ်ဆုံး နှစ်သင်းသည် နောက်ဆုံးအဆင့် Play-off ခြေစစ်ပွဲသို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။

 

ရှိုင်းထက်ဇော်


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%82%E1%81%80-%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%BB%E1%80%AD%E1%80%AF%E1%80%A1%E1%80%AD%E1%80%AF%E1%80%9C%E1%80%B6%E1%80%95%E1%80%85%E1%80%BA-%E1%80%90%E1%80%90%E1%80%AD%E1%80%9A%E1%80%A1%E1%80%86%E1%80%84%E1%80%B7%E1%80%BA-%E1%80%81%E1%80%BC%E1%80%B1%E1%80%85%E1%80%85%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%9A%E1%80%BE%E1%80%89%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9B%E1%80%94%E1%80%BA-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8%E1%80%A1%E1%80%9E%E1%80%84%E1%80%BA%E1%80%B8-%E1%80%96%E1%80%BD%E1%80%B2%E1%80%B7%E1%80%85%E1%80%8A%E1%80%BA%E1%80%B8