spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်သန်စွမ်းရေးအတွက်ဒီဇင်ဘာလူထုလမ်းလျှောက်ပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်သန်စွမ်းရေးအတွက်ဒီဇင်ဘာလူထုလမ်းလျှောက်ပွဲကျင်းပ

ကျွန်းစု  ၂၁   ဒီဇင်ဘာ 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်သန်စွမ်းရေး  အတွက် ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ မိဘပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများစုပေါင်း၍ ဒီဇင်ဘာလူထုလမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၂၁ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်က ကျွန်းစုမြို့ဦး သံသရာအေး စေတီမုခ်ဦးရှေ့မှ စတင်ကာ မြို့နယ်အားကစားကွင်းဆီသို့ စုပေါင်းလမ်းလျှောက်ခဲ့ကြကြောင်း သိရသည်။

 


လမ်းလျှောက်ပွဲတွင် မြို့နယ် အား/ကာ တာဝန်ခံ ဦးဖြိုးဝေလင်းက ဦးဆောင်၍ မြို့နယ်အားကစားကွင်းဆီသို့ စုပေါင်းလမ်းလျှောက်ခဲ့ပြီး အားကစားကွင်းအတွင်း၌ ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ အေရိုးဗစ်လေ့ကျင့်ခန်းများ၊ Fitness Dance လေ့ကျင့်ခန်းများကို အတူတကွ စုပေါင်းပြုလုပ်သည်။

ထို့နောက် ထမင်းပေါင်းအိုး၊ ထမင်းချိုင့်၊ နာရီ စသည့် လူသုံးကုန်ပစ္စည်းများ ကံစမ်းမဲများ မဲဖောက်ပေးကာ မဲပေါက်ကံထူးသူများအား တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြောင်း၊ လမ်းလျှောက်ပွဲတွင် ကျွန်းစုမြို့ပေါ်ရှိ လူဦးရေ(၅၀ဝ)ကျော်ခန့်က လူထုလမ်းလျှောက်ပွဲကို ပါဝင်ယှဉ်နွဲခဲ့ကြကြောင်း သိရသည်။


စည်သူရအောင်(ကျွန်းစု)


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%90%E1%80%94%E1%80%84%E1%80%BA%E1%80%B9%E1%80%9E%E1%80%AC%E1%80%9B%E1%80%AE%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%81%8A-%E1%80%99%E1%80%BC%E1%80%AD%E1%80%90%E1%80%BA%E1%80%81%E1%80%9B%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%81%8A-%E1%80%80%E1%80%BB%E1%80%BD%E1%80%94%E1%80%BA%E1%80%B8%E1%80%85%E1%80%AF%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA