spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မော်လမြိုင်ကျွန်းမြို့နယ်တွင်အားကစားနှင့်ကာယပညာဦးစီးဌာနမှဦးဆောင်၍၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာပြည်သူ့အားကစား လလှုပ်ရှားမှုများအဖြစ် လူထုစုပေါင်းလမ်းလျှောက်ခြင်းနှင့် ကိုယ်လက်လှုပ်ရှား အားကစား အစီအစဉ်ကျင်းပ

မော်လမြိုင်ကျွန်းမြို့နယ်တွင်အားကစားနှင့်ကာယပညာဦးစီးဌာနမှဦးဆောင်၍၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာပြည်သူ့အားကစား လလှုပ်ရှားမှုများအဖြစ် လူထုစုပေါင်းလမ်းလျှောက်ခြင်းနှင့် ကိုယ်လက်လှုပ်ရှား အားကစား အစီအစဉ်ကျင်းပ

မော်လမြိုင်ကျွန်း  

မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာပြည်သူ့အားကစား လလှုပ်ရှားမှုများအဖြစ် လူထုစုပေါင်းလမ်းလျှောက်ခြင်းနှင့် ကိုယ်လက်လှုပ်ရှား အားကစား အစီအစဉ်ကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှဦးဆောင်၍ ယနေ့နံနက် ၅နာရီခွဲအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့မှ စတင်ထွက်ခွာ၍မဟာဗန္ဓုလ လမ်းမကြီးမှအောင်သပြေလမ်း၊ အောင်ဆန်းလမ်း၊ (၈)လမ်း၊ စိန်ပန်းပတ်လမ်းမှ မြို့ဦးစေတီအထိ ဒီဇင်ဘာတတိယပတ်အဖြစ် စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး  ကျွန်းထိပ်မြို့ဦးစေတီတွင် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နှင်းမိုးလှိုင်က ဦးဆောင်၍လေ့ကျင့်ခန်းများ လေ့ကျင့်ခဲ့ကြသည်။ 

အဆိုပါလူထုလမ်းလျှောက်ပွဲတွင် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် မိဘပြည်သူများ အင်အား (၅၅၀) ခန့် ပါဝင်ဆင်နွှဲကြကြောင်း သိရသည်။

အောင်အောင်( ပြန်/ဆက် )


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%B1%E1%80%AC%E1%80%BA%E1%80%9C%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%80%E1%80%BB%E1%80%BD%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%80%E1%80%AC%E1%80%9A%E1%80%95%E1%80%8A%E1%80%AC%E1%80%A6%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%80%99%E1%80%BE%E1%80%A6%E1%80%B8%E1%80%86%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%81%8D%E1%81%82%E1%81%80%E1%81%81%E1%81%89-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A