spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ပြည်သူလူထုများ ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းဖွံ့ဖြိုးတိုးတက်ရေး အတွက် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ် စုပေါင်းလူထုလမ်းလျှောက်ပွဲကျင်းပ

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ပြည်သူလူထုများ ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းဖွံ့ဖြိုးတိုးတက်ရေး အတွက် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ် စုပေါင်းလူထုလမ်းလျှောက်ပွဲကျင်းပ

ရိခေါ်ဒါရ် 

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ပြည်သူလူထုများ ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းဖွံ့ဖြိုးတိုးတက်ရေး အတွက် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ် စုပေါင်းလူထုလမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၂၁ ရက် နံနက် ၆ နာရီက ရိခေါ်ဒါရ်မြို့၌ ပြုလုပ်သည်။

စုပေါင်းလူထုလမ်းလျှောက်ပွဲကို ရိခေါ်ဒါရ်မြို့ အမှတ်(၁)ရပ်ကွက်၊ အားကစားကွင်းစုရပ်မှ စတင်၍ ဇိုးနွန်လမ်းအတိုင်း ချီတက်လမ်းလျှောက်ကြကာ ရိရေကန် ကမ်းစပ် ရေချိုးဆိပ်အထိ စုပေါင်းလမ်းလျှောက်ချီတက်ကြပြီး ရိရေကန် ကမ်းစပ်ရေချိုးဆိပ်ဘေး မြက်ခင်းပြင်၌ ကိုယ်လက်လှုပ်ရှားမှု ကိုယ်ကာယလေ့ကျင့်ခန်းများ စုပေါင်းပြုလုပ်ကြသည်။

အဆိုပါစုပေါင်းလူထုလမ်းလျှောက်ပွဲကို ရိခေါ်ဒါရ်မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင် ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံရပ်ကွက် ပြည်သူများ ပူးပေါင်းပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။

ပက်ကာ (ရိရေကန်)


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%81%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA%E1%81%8A-%E1%80%9B%E1%80%AD%E1%80%81%E1%80%B1%E1%80%AB%E1%80%BA%E1%80%92%E1%80%AB%E1%80%9B%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7-%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%9E%E1%80%B0%E1%80%9C%E1%80%B0%E1%80%91%E1%80%AF%E1%80%99%E1%80%BB%E1%80%AC%E1%80%B8-%E1%80%80%E1%80%AD%E1%80%AF%E1%80%9A%E1%80%BA%E1%80%9C%E1%80%80%E1%80%BA%E1%80%A1%E1%80%84%E1%80%BA%E1%80%B9%E1%80%82%E1%80%AB