spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရေးနှင့် ကိုယ်ခန္ဓာဖွံ့ဖြိုးစေရန်အတွက် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၏၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ(တတိယပတ်) လူထုအားကစား လှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲကို ဒဂုံမြို့နယ်တွင် ကျင်းပပြုလုပ်

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရေးနှင့် ကိုယ်ခန္ဓာဖွံ့ဖြိုးစေရန်အတွက် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၏၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ(တတိယပတ်) လူထုအားကစား လှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲကို ဒဂုံမြို့နယ်တွင် ကျင်းပပြုလုပ်

ဒဂုံ     

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေးနှင့်   ကိုယ်ခန္ဓာဖွံ့ဖြိုးစေရန်အတွက် ရည်ရွယ်၍   ကျန်းမာကြံ့ခိုင်နုပျိုစေဖို့ စုပေါင်းလမ်းလျှောက်စို့ ဆောင်ပုဒ်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီး၏၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ(တတိယပတ်)  လူထုအားကစား လှုပ်ရှားမှု  စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့  နံနက်၅နာရီ၃ဝမိနစ်က   ဒဂုံမြို့နယ်၊မြို့မ ကျောင်းလမ်းနှင့် စကားဝါလမ်းဆုံ၌ စုရပ်ပြု၍အလုံလမ်း၊ ထိုမှတစ်ဆင့် ဦးဝိစာရအဝိုင်းကိုပတ်၍   ဦးထောင်ဘိုလမ်းအတိုင်း  ရွှေတိဂုံဘုရားတောင်ဘက်မုဒ်မှ  ဘုရားလမ်းအတိုင်း၊အရှေ့ဘက်မုခ်မှ မြောက်ဘက်မုခ်သို့ အာဇာနည်လမ်းအတိုင်း ညာဘက်ကွေ့၍ M-3 စားသောက်ဆိုင်ရှေ့မှတစ်ဆင့် ဗဟန်း အားကစားကွင်းထိ လမ်းလျှောက်ခဲ့ကြကြောင်း သိရသည်။

လူထုလမ်းလျှောက်ပွဲတွင်  ရန်ကုန်တိုင်းဒေသကြီး၊  အစိုးရအဖွဲ့ဝန်ကြီးချုပ်  ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အားကစားနှင့်ကာယပညာ သိပ္ပံကျောင်းမ ှကျောင်းသား၊ကျောင်းသူများ၊ အခြေခံ ပညာကျောင်းများမှ ဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ၊  လူမှုရေး  အသင်းအဖွဲ့ဝင်များနှင့် မြို့နေပြည်သူများတို့က  တပျော်တပါး  စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ဗဟန်းအားကစားကွင်း၌ကိုယ် ကာယလေ့ကျင့်ခန်းအတွဲ(၁)၊(၂) စုပေါင်းပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%90%E1%80%85%E1%80%BA%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%80%E1%80%BB%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%AC%E1%80%80%E1%80%BC%E1%80%B6%E1%80%B7%E1%80%81%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%85%E1%80%B1%E1%80%9B%E1%80%B1%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7-%E1%80%80%E1%80%AD%E1%80%AF%E1%80%9A%E1%80%BA%E1%80%81%E1%80%94%E1%80%B9%E1%80%93%E1%80%AC%E1%80%96%E1%80%BD%E1%80%B6%E1%80%B7%E1%80%96%E1%80%BC%E1%80%AD%E1%80%AF%E1%80%B8%E1%80%85%E1%80%B1%E1%80%9B%E1%80%94%E1%80%BA%E1%80%A1%E1%80%90%E1%80%BD%E1%80%80%E1%80%BA-%E1%80%9B%E1%80%8A%E1%80%BA%E1%80%9B%E1%80%BD%E1%80%9A%E1%80%BA%E1%81%8D