spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ကချင်ပြည်နယ် ဖားကန့်မြို့၌ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေးအတွက် ဒီဇင်ဘာလ လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပပြုလုပ်

ကချင်ပြည်နယ် ဖားကန့်မြို့၌ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေးအတွက် ဒီဇင်ဘာလ လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပပြုလုပ်

ဖားကန့် 

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေးအတွက် ဒီဇင်ဘာလ၏ အပတ်စဉ် စနေနေ့နံနက်တိုင်း လူထုလမ်းလျှောက်ပွဲများ နိုင်ငံတစ်ဝန်းကျင်းပလျက်ရှိရာ ကချင်ပြည်နယ် ဖားကန့်မြို့၌လည်း ယနေ့နံနက် ၅ နာရီတွင် လူထုလမ်းလျှောက်ပွဲကို ကျင်းပခဲ့ကြသည်။

ဖားကန့်မြို့ ဉရုရတနာကျောက်စိမ်းတောင်တံတားထိပ်မှ မြို့နယ်တွင်းရှိ ဌာနဆိုင်ရာများ မြို့နေပြည်သူများက စတင်စုဝေးခဲ့ကြပြီး မော်ဝမ်းရပ်ကွက် လွတ်လပ်ရေးကျောက်တိုင်ကွင်းသို့ စုပေါင်းလမ်းလျှောက်ခဲ့ကြကာ ကွင်းအတွင်း ကိုယ်လက်လှုပ်ရှား အားကစားများပြုလုပ်ခဲ့ကြသည်။

လူထုလမ်းလျှောက်ပွဲ၌ ပူးပေါင်းပါဝင်သည့် မြို့နေပြည်သူများအား မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ ရေနွေးဗူးများ ချိုင့်များ ကျောပိုးအိတ်များ ဦးထုပ်များ လွယ်အိတ်များနှင့် စောင်သဘက်များအား ကံစမ်းမဲဖောက်ပေးခဲ့ကြောင်း သိရသည်။

တာလင်းမောင်(ပြန်/ဆက်)


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%80%E1%80%81%E1%80%BB%E1%80%84%E1%80%BA%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%96%E1%80%AC%E1%80%B8%E1%80%80%E1%80%94%E1%80%BA%E1%80%B7%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%81%8C-%E1%80%90%E1%80%85%E1%80%BA%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8-%E1%80%80%E1%80%BB%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%AC%E1%80%80%E1%80%BC%E1%80%B6%E1%80%B7%E1%80%81%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%85%E1%80%B1%E1%80%9B%E1%80%B1%E1%80%B8%E1%80%A1%E1%80%90%E1%80%BD%E1%80%80%E1%80%BA-%E1%80%92%E1%80%AE%E1%80%87%E1%80%84%E1%80%BA%E1%80%98%E1%80%AC%E1%80%9C