spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်နှင့် နောင်ရိုးနည်းပညာများကုမ္ပဏီမှ အဓိကကြီးမှူးကျင်းပသော ၂၀၁၉ ခုနှစ်၊ ဒုတိယအကြိမ်မြောက် နောင်ရိုးဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့်ဆုပေးပွဲအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်နှင့် နောင်ရိုးနည်းပညာများကုမ္ပဏီမှ အဓိကကြီးမှူးကျင်းပသော ၂၀၁၉ ခုနှစ်၊ ဒုတိယအကြိမ်မြောက် နောင်ရိုးဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့်ဆုပေးပွဲအခမ်းအနားကျင်းပ

ရန်ကုန် ၂၁ ဒီဇင်ဘာ    

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်နှင့် နောင်ရိုးနည်းပညာများကုမ္ပဏီမှ အဓိကကြီးမှူးကျင်းပသော ၂၀၁၉ ခုနှစ်၊ ဒုတိယအကြိမ်မြောက် နောင်ရိုးဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အောင်ဆန်းအားကစားပြိုင်ဝင်းရှိ မိုးလုံလေလုံအားကစားရုံ၌ ကျင်းပခဲ့သည်။

အဆိုပါ ပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊  ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးစိုးလွင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၂)မှ ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌ(ဟောင်း) ဗိုလ်မှူးကြီး(ငြိမ်း) ဦးလှမြင့်၊ နှောင်ရိုးနည်းပညာကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးရဲဝင့်ထွဋ်တင်နှင့် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဆုရအားကစားသမားများ တက်ရောက်ကြသည်။

ပြိုင်ပွဲအပြီးတွင် နှောင်ရိုးနည်းပညာကုမ္ပဏီမှ အောင်ဆန်းအားကစားပြိုင်ပွဲရုံတွင် လိုအပ်လျက်ရှိသော ပန်ကာများအား လှူဒါန်းပေးခဲ့သည်။

ဆက်လက်၍ အားကစားနှင့် ကာယပညာဦးစီးဌာန ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၂)မှ ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးက အသက်(၂၀)နှစ်အောက်လူ သစ်တန်းသုံးယောက်တွဲ ပြိုင်ပွဲတွင်  ပထမဆုရ အကယ်ဒမီ(က)အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်အတူ ငွေကျပ်(၈)သိန်း၊ ဒုတိယဆုရရှိသွားသော အကယ်ဒမီ(ဂ)အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်အတူ ငွေကျပ် (၅)သိန်းနှင့် တတိယဆုရရှိသွားသော (A3000) အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်အတူ ငွေကျပ် (၃)သိန်းအား ပေးအပ်ချီးမြှင့်၍ လည်းကောင်း၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌ(ဟောင်း) ဗိုလ်မှူးကြီး(ငြိမ်း) ဦးလှမြင့်က တစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုရ ထိုင်းနိုင်ငံသား အထော့အား ဆုတံဆိပ်နှင့်အတူ ငွေကျပ် (၈)သိန်း၊ ဒုတိယဆုရ ကျောင်းဆရာအား ဆုတံဆိပ်နှင့်အတူ ငွေကျပ်(၅)သိန်းနှင့် တတိယဆုရ ကပ်ဘီလူးအား ဆုတံဆိပ်နှင့်အတူ ငွေကျပ်(၃)သိန်းအား ပေးအပ်ချီးမြှင့်သည်။

ဆက်လက်ပြီး နှောင်ရိုးနည်းပညာကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးရဲဝင့်ထွဋ်တင်က အကြီးတန်း (၃)ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရ သရက်ကြီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်အတူ ငွေကျပ်(၁၅)သိန်း၊ ဒုတိယဆုရ ပို့ဆက်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် အတူငွေကျပ် (၁၀)သိန်း၊တတိယဆုရ သရက်ကြီး(ခ) အသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့်အတူ ငွေကျပ်(၅)သိန်းတို့အား ပေးအပ်ချီးမြှင့်၍လည်းကောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယ မြို့တော်ဝန် ဦးစိုးလွင်က အသက်(၂၀)နှစ်အောက် လူသစ်တန်းပြိုင်ပွဲတွင် တံခွန်စိုက်ဆုရရှိသွားသော အကယ်ဒမီ(က) အသင်းအား တံခွန်စိုက်ဖလားကို ပေးအပ်ချီးမြှင့်၍ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်က အကြီးတန်းပြိုင်ပွဲတွင် တံခွန်စိုက်ဆု ရရှိသွားသော  သရက်ကြီးအသင်းအား တံခွန်စိုက်ဖလားကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ရန်ကုန် (အား/ကာ)


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%9B%E1%80%94%E1%80%BA%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA%E1%80%80%E1%80%AC%E1%80%9A%E1%80%95%E1%80%8A%E1%80%AC%E1%80%A6%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6-%E1%80%95%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%BA%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8%E1%80%A1%E1%80%96%E1%80%BD%E1%80%B2%E1%80%B7%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA