spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ကမ္ဘာ့ဗိုဗီနမ်ချိန်ပီယံရှစ်ပြိုင်ပွဲတွင် ဟိန်းထက်အောင် ရွှေတစ်ခုထပ်မံရရှိ

ကမ္ဘာ့ဗိုဗီနမ်ချိန်ပီယံရှစ်ပြိုင်ပွဲတွင် ဟိန်းထက်အောင် ရွှေတစ်ခုထပ်မံရရှိ

ရန်ကုန် ၂၁ ဒီဇင်ဘာ

ကမ္ဘောဒီးယားနိုင်ငံတွင် ဒီဇင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ ကျင်းပလျက်ရှိသည့် (၆)ကြိမ်မြောက် ကမ္ဘာ့ဗိုဗီနမ် ချန်ပီယံရှစ် ပြိုင်ပွဲကို ဒီဇင်ဘာ ၂၁ ရက်က ဆက်လက်ယှဉ်ပြိုင်လျက်ရှိရာ မြန်မာ့လက်ရွေးစင် ဗိုဗီနမ်အသင်းမှ ဟိန်းထက်‌အောင်‌က တစ်ဦးချင်းလက်အပြ (Cross Form) ပြိုင်ပွဲတွင်‌ ရွှေတစ်ခု ထပ်မံရရှိပြီး နိုင်ငံအလိုက် အဆင့်ငါးရရှိခဲ့‌ကြောင်း သိရသည်။

အဆိုပါဗိုလ်လုပွဲ အမျိုးသားလက်အပြ ပြိုင်ပွဲ၌ မြန်မာမှ ဟိန်းထက်‌အောင်က ပထမ(ရွှေ)၊ အယ်ဂျီးရီးယားက ဒုတိယ(ငွေ)၊ လာအိုနှင့် ကမ္ဘောဒီးယားက ပူးတွဲတတိယရရှိခဲ့ကြသည်။

ပြိုင်ပွဲတွင် ရှရှား၊ ဂျပန်၊ ကိုရီးယား၊ အယ်ဂျီးရီးယား၊ အာဖဂန်နစ္စတန်၊ အီရန်၊ အီရတ်၊ အာဆီယံနိုင်ငံများ အပါအ၀င် နိုင်ငံ‌ပေါင်း ၂၄ နိုင်ငံ ၀င်‌ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ယင်းကမ္ဘာ့ဗိုဗီနမ်ချန်ပီရှစ် ပြိုင်ပွဲအပြီး နိုင်ငံအလိုက် ရပ်တည်မှုတွင် အဆင့်(၁) ဗီယက်နမ်၊ အဆင့်(၂) ကမ္ဘောဒီးယား၊ အဆင့်(၃) အယ်လ်ဂျီးရီးယား၊ အဆင့်(၄) ထိုင်း၊ အဆင့်(၅) မြန်မာနိုင်ငံတို့ ရရှိခဲ့ကြကြောင်း သိရသည်။

မြန်မာအသင်းတွင် အဖွဲ့ခေါင်းဆောင် မြန်မာနိုင်ငံဗိုဗီနမ်အဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဒေါ်ခင်လေးမွန်၊ ဒိုင်၊ နည်းပြများနှင့် လက်‌ရွေးစင် ကစားသမား အမျိုးသားသုံးဦး၊ အမျိုးသမီးသုံးဦးတို့သည် ပြိုင်ပွဲအမျိုးအစား ၁၃ မျိုး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ‌ ရွှေနှစ်၊‌ ငွေငါး၊‌ ကြေးခြောက်ခု ဆွတ်ခူးရရှိခဲ့ပြီး ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်‌ရောက်ရှိမည်ဖြစ်‌ကြောင်း သိရသည်။

 

တင်စိုး(မြန်မာ့အလင်း)


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%80%E1%80%99%E1%80%B9%E1%80%98%E1%80%AC%E1%80%B7%E1%80%97%E1%80%AD%E1%80%AF%E1%80%97%E1%80%AE%E1%80%94%E1%80%99%E1%80%BA%E1%80%81%E1%80%BB%E1%80%AD%E1%80%94%E1%80%BA%E1%80%95%E1%80%AE%E1%80%9A%E1%80%B6%E1%80%9B%E1%80%BE%E1%80%85%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%9F%E1%80%AD%E1%80%94%E1%80%BA%E1%80%B8%E1%80%91%E1%80%80%E1%80%BA%E1%80%A1%E1%80%B1%E1%80%AC%E1%80%84%E1%80%BA-%E1%80%9B%E1%80%BD%E1%80%BE%E1%80%B1%E1%80%90%E1%80%85%E1%80%BA%E1%80%81%E1%80%AF%E1%80%91%E1%80%95%E1%80%BA%E1%80%99%E1%80%B6%E1%80%9B%E1%80%9B%E1%80%BE%E1%80%AD