spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလ(တတိယပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ပါဝင်ဆင်နွှဲ

၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလ(တတိယပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ပါဝင်ဆင်နွှဲ

ရန်ကုန်၊ ဒီဇင်ဘာလ(၂၁)ရက်။       

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာနသည် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် တစ်နိုင်ငံလုံး တစ်မျိုးသားလုံး အမျိုးသားအားကစားစိတ်ဓါတ်အပြည့်အဝဖြင့် ပြည်သူလူထုတစ်ရပ်လုံးလှုပ်ရှား ပါဝင် ဆင်နွှဲစေရန် ရည်ရွယ်၍ ဒီဇင်ဘာလူထုအားကစားလ တတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲ ကို ယနေ့နံနက်(၅)နာရီခွဲ က ရန်ကုန်တိုင်းဒေသကြီး မြို့မကျောင်းလမ်းနှင့် စကားဝါလမ်းဆုံမှ  စတင်တာထွက်ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဦးတင်မောင်ထွန်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် (အား/ကာ)ခရိုင်/မြို့နယ် အရာရှိများ၊ ဖိတ်ကြားထားသူများ၊ မြို့နယ်ပေါင်းစုံမှ ပြည်သူလူထုများ၊ အခြေခံပညာကျောင်းမှကျောင်းသား/ကျောင်းသူများ၊  အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) မှ ကျောင်းသား/ ကျောင်းသူများ၊ ဘင်ခရာနှင့်ပန်းပွားအက ကျောင်းသူလေးများနှင့် အတူတပျော်တပါး စုပေါင်းလမ်းလျှောက်ပွဲကို ပါဝင်ဆင်နွှဲခဲ့ကြသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းက သေနတ်ပစ်ဖောက်၍ စတင်တာလွှတ်ပေးခဲ့ရာ စုပေါင်းလမ်းလျှောက်ပွဲကို မြို့မကျောင်းလမ်း စကားဝါလမ်းဆုံမှ စတင်တာထွက်၍ ဦးဥတ္တမအဝိုင်းတို့မှ တဆင့် ရွှေတိဂုံတောင်ဘက်မှ အရှေ့ဘက်အတိုင်း  မြောက်ဘက် သွေးဆေးကန်လမ်းမှ ဗဟန်း ဘောလုံးကွင်းသို့ ပြန်လည်ပန်းဝင်၍ မြို့နယ် အလိုက် လူဦးရေ ငါးသောင်းခန့် ပြည်သူများက စုပေါင်း ကိုယ်လက်ကြံ့ခိုင်ရေး အစီအစဉ် အတွဲအမှတ်(၁/၂) တို့နှင့် Myanmar Fitness Dance  အကလေ့ကျင့်ခန်းများပြုလုပ်ပြီး လမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲခဲ့ကြသည်။

ဒီဇင်ဘာလ နောက်ဆုံးအပတ် (၂၈)ရက်နေ့တွင် လူထုစုပေါင်းလမ်းလျှောက်ပွဲကို မြို့မကျောင်းလမ်း စကားဝါလမ်းဆုံတွင်ပြုလုပ်မည်ဖြစ်ပါကြောင်းသတင်းရရှိသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%81%E1%81%89%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%92%E1%80%AE%E1%80%87%E1%80%84%E1%80%BA%E1%80%98%E1%80%AC%E1%80%9C%E1%80%B0%E1%80%91%E1%80%AF%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9C%E1%80%90%E1%80%90%E1%80%AD%E1%80%9A%E1%80%95%E1%80%90%E1%80%BA-%E1%80%9C%E1%80%B0%E1%80%91%E1%80%AF%E1%80%85%E1%80%AF%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%9C%E1%80%99%E1%80%BA%E1%80%B8%E1%80%9C%E1%80%BB%E1%80%BE%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%BD%E1%80%84%E1%80%BA