spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပပြုလုပ်

 

တောင်ကြီး ဒီဇင်ဘာ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ဒီဇင်ဘာလ တတိယပတ် လူထုလမ်းလျှောက်ပွဲ ကို ယမန်နေ့ နံနက် ၅ နာရီခွဲတွင် ရှမ်းပြည်နယ်လေ့ကျင့်ရေးအားကစားရုံရှေ့တွင် စုရပ်ထား၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းက သေနတ်ပစ်ဖောက် ၍ ပြည်နယ်လေ့ကျင့်ရေး အားကစားရုံရှေ့မှ စတင်ထွက်ခွာ၍ ဘုရာနောင် လမ်းမှ ဗိုလ်ချုပ်အောင်ဆန်းလမ်းတစ်လျှောက်၊ စူဠာမုနိစေတီရင်ပြင် တော်အထိ စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။

 

စူဠာမုနိစေတီတော်ရင်ပြင်တွင စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန့်အတွဲအမှတ် (၁၊၂)များဖြင့် ကျန်းမာရေးအားကစားများ ပြုလုပ်ခဲ့ကြသည်။ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး ၊ပြည်နယ်စည်ပင် သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တောင်ကြီးမြို့ ပေါ်ရှိ ရပ်ကွက်နှင့် ကျေးရွာမှ ပြည်သူလူထုများ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းများ၊ ကျောင်းသား၊ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ အားကစား ဝါသနာရှင်များက ပါဝင် ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%9B%E1%80%BE%E1%80%99%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8-%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%81%82%E1%81%80%E1%81%81%E1%81%89-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%92%E1%80%AE%E1%80%87%E1%80%84%E1%80%BA%E1%80%98%E1%80%AC%E1%80%9C-%E1%80%90%E1%80%90%E1%80%AD%E1%80%9A%E1%80%95%E1%80%90%E1%80%BA