spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၂ဝပြည့်နှစ်၊ (၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဘောလုံး(အမျိုးသား)ပြိုင်ပွဲ စတင်ကျင်းပ

၂ဝ၂ဝပြည့်နှစ်၊ (၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဘောလုံး(အမျိုးသား)ပြိုင်ပွဲ စတင်ကျင်းပ


နေပြည်တော်၊ ဒီဇင်ဘာ (၂၁) ရက်။

၂ဝ၂ဝပြည့်နှစ်၊ (၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဘောလုံး(အမျိုးသား)ပြိုင်ပွဲများကို စတင်ကျင်းပပြုလုပ်ရာ ယနေ့နံနက်(၇)နာရီခွဲအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း(၁)တွင် ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ (၇)ဂိုး (၁)ဂိုးဖြင့် လည်းကောင်း၊ ညနေ(၃)နာရီအချိန်တွင် ပညာရေးဝန်ကြီးဌာနအသင်းနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပညာရေးဝန်ကြီးဌာနအသင်းမှ (၄)ဂိုး ဂိုးမရှိဖြင့် လည်းကောင်း အသီးသီးအနိုင်ရရှိသွားပါသည်။

 

အဆိုပါ ပြိုင်ပွဲများသို့ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများဖြစ်ကြသော ဦးဌေးအောင်၊ ဦးခွန်ဂျာအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။

ညနေ(၃)နာရီအချိန်တွင် ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%82%E1%80%9D%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%B7%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%81%87%E1%81%82%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%9C%E1%80%BD%E1%80%90%E1%80%BA%E1%80%9C%E1%80%95%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8%E1%80%94%E1%80%B1%E1%80%B7-%E1%80%A1%E1%80%91%E1%80%AD%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%99%E1%80%BE%E1%80%90%E1%80%BA-%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AF%E1%80%B6