spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၁၉ခုနှစ်၊ ဆောင်းရာသီ ကျွမ်းဘားပြိုင်ပွဲ ဖွင့်ပွဲနှင့်ဆုပေးပွဲကျင်းပ

၂၀၁၉ခုနှစ်၊ ဆောင်းရာသီ ကျွမ်းဘားပြိုင်ပွဲ ဖွင့်ပွဲနှင့်ဆုပေးပွဲကျင်းပ

ရန်ကုန်၊ ဒီဇင်ဘာလ(၂၈)ရက်။       

၂၀၁၉ခုနှစ်၊ ဆောင်းရာသီကျွမ်းဘားပြိုင်ပွဲ၊ ဖွင့်ပွဲနှင့်ဆုပေးပွဲများကို  ယနေ့နံနက်(၉)နာရီက ရန်ကုန်မြို့ ကျိုက္ကဆံကွင်းရှိ  မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ်၌ ကျင်းပပြုလုပ်ခဲ့ရာ ကျွမ်းဘားအားကစားနည်းသည် အားကစားအားလုံး၏ အခြေခံအားကစားနည်း ဖြစ်တာကြောင့်  မကစားမဖြစ်တဲ့ အားကစားနည်းတစ်ရပ်ဖြစ်ပါတယ်။ ကျွမ်းဘားအားကစားကို  (၅)နှစ်အရွယ်က စတင်လေ့ကျင့်ပေးရတာကြောင့် အခြေခံကျောင်းများမှ  ကျောင်းသား/ကျောင်းသူ များအတွက် ရည်ရွယ်၍ ယခုပြိုင်ပွဲကို ကျင်းပပေးရတာဖြစ်ပါတယ်။  နှစ်စဉ်ကျွမ်းဘားအဖွဲ့ချုပ်မှ နွေရာသီသင်တန်းများ၊ အခြေခံကျောင်းများတွင် ကျွမ်းဘားအားကစားနည်းတိုးတက်ရေးအတွက် ဟောပြောပွဲများ၊ ကျွမ်းဘားသရုပ်ပြပွဲများ လိုက်လံပြသလျက်ရှိပြီး  လိုအပ်ပါက ကျောင်းများသို့သွားရောက်၍ ကျွမ်းဘားအခြေခံ လေ့ကျင့်ခန်းများ သင်ကြားပြသပေးပြီး အလားအလာရှိတဲ့ ငယ်ရွယ်တဲ့ အားကစားသမားများကို အဖွဲ့ချုပ်မှ ရွေးချယ်လေ့ကျင့်ပေးခဲ့မှုကြောင့်  ယခုပြိုင်ပွဲတွင် ကျောင်းပေါင်းစုံမှ ငယ်ရွယ်သူ ကျောင်းသား/ကျောင်းသူ(၉၀)ဦးခန့် ပါဝင်ယှဉ်ပြိုင်တာဖြစ်ပါကြောင်းဖြင့် အဖွဲ့ချုပ်ဥက္ကဌ ဦးကောင်းဇော်မှ အဖွင့်အမှာစကားတွင်ထည့်သွင်းပြောကြားသွားခဲ့သည်။

 

 

ယခုပြိုင်ပွဲတွင်  Genius Prirate School, Brown Acedeny TTC ကမာရွတ်၊ အထက(၁)ဒဂုံ၊ အလက(၁)ဒဂုံ၊ အမက(၁)ဗဟန်း၊ အထက(၂)ကမာရွတ်၊ အမက(၅)ရန်ကင်း၊ အထက(၄)အလုံ၊ TTC ရန်ကင်း၊ အထက(၃)မင်္ဂလာတောင်ညွန့်၊ အလက(၆)ရန်ကင်း၊ အထက(၁)ရန်ကင်း၊ အထက(၃)တာမွေ၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ၊ New Land ၊ အမက(၂၆)မြောက်ဒဂုံ၊ အမက(၄) မြောက်ဥက္ကလာ ကျောင်းများမှ ကျောင်းသား/ကျောင်းသူ(၉၀)ဦးတို့က ပြိုင်ပွဲအမျိုးအစားအတန်း(၁၀)တန်းဖြစ်သော မျိုးဆက်သစ်သက်ငယ်တန်း(က) (ခ)၊ အမျိုးသား/အမျိုးသမီး မြေပြင်ပြိုင်ပွဲနှင့် မြင်းခုန်ဘားပြိုင်ပွဲ၊ အား/ကာသိပ္ပံ အမျိုးသမီးမြင်းခုန်ဘားပြိုင်ပွဲ၊ မျိုးဆက်သစ်သက်ငယ်တန်း(က)အဆင့်၊ (ခ)အဆင့်၊ (ဂ)အဆင့် အမျိုးသားမြေပြင်ပြိုင်ပွဲနှင့်   မျိုးဆက်သစ်ရင်ခွင်ပိုက်တန်းပြိုင်ပွဲ၊ နွေရာသီရင်ခွင်ပိုက်တန်း အမျိုးသမီးချိန်ဆဘားပြိုင်ပွဲ၊  အား/ကာသိပွံ အမျိုးသားနှစ်တန်းဘားပြိုင်ပွဲ၊  မျိုးဆက်သစ်အမျိုးသမီးချိန်ဆဘားပြိုင်ပွဲနှင့် အား/ကာသိပ္ပံ ကျောင်းသူများ၏ အမျိုးသမီးချိန်ဆဘားပြိုင်ပွဲများ၊ အား/ကာသိပ္ပံ အမျိုးသား သံကွင်းဘားပြိုင်ပွဲ၊ အား/ကာသိပ္ပံ အမျိုးသားမြေပြင်ပြိုင်ပွဲများကျင်းပပြုလုပ်ခဲ့ပြီး ပြိုင်ပွဲ ပွဲစဉ်ပေါင်း (၃၇)မျိုး၌ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသူများအား မြန်မာနိုင်ငံကျွမ်းဘား အဖွဲ့ချုပ်နာယက ဦးဝေလင်းအောင်၊ အဖွဲ့ချုပ်ဥက္ကဌ ဦးကောင်းဇော်၊ အားကစားနှင့်ကာယပညာ သိပ္ပံ ဒုတိယကျောင်းအုပ်ကြီး ဦးဗလကျော်သူ နှင့် အဖွဲ့ချုပ်အလုပ်အမှုဆောင်များက ဆုများအသီးသီးပေးအပ်ခဲ့ကြောင်းသိရှိရသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%81%E1%81%89%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%86%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%9B%E1%80%AC%E1%80%9E%E1%80%AE-%E1%80%80%E1%80%BB%E1%80%BD%E1%80%99%E1%80%BA%E1%80%B8%E1%80%98%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%96%E1%80%BD%E1%80%84%E1%80%B7%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA%E1%80%86%E1%80%AF%E1%80%95%E1%80%B1%E1%80%B8%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95