နေပြည်တော်၊ ဒီဇင်ဘာလ(၂၉)ရက်။
အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် (၂၈.၁၂.၂၀၁၉)ရက်နေ့တွင် တနသ်ာရီတိုင်းဒေသကြီး၊ မြိတ်မြို့သို့ရောက်ရှိရာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ တိုင်းဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင် လိုက်ပါလျက် မြိတ်ခရိုင်၊ မြိတ်မြို့ရှိ အားကစားကွင်း/အားကစားရုံ များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး၊ မြိတ်မြို့တွင် ကျင်းပပြုလုပ်နေသော တိုင်း/ပြည်နယ်(Myeik International Open) ဖိတ်ခေါ်စစ်တုရင်ပြိုင်ပွဲသို့ သွားရောက်အားပေးခဲ့ပါသည်။
ထို့နောက် မြိတ်ခရိုင်အတွင်းရှိ ခရိုင်နှင့်မြို့နယ်များမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဌာနလုပ်ငန်းများ၊ အားကစားဆိုင်ရာဟောပြောပွဲများ၊ ပြည်သူလူထုတစ်ရပ်လုံး အားကစားကို စိတ်ပါဝင်စားလာစေရေးနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။
ယင်းနောက် နေ့လည်(၂)နာရီအချိန်တွင် ကော့သောင်းခရိုင်အတွင်းရှိ အားကစားနှင့်ကာယပညာဦးစီးဌာနရှိ ၀န်ထမ်းများအားတွေ့ဆုံ၍ လမ်းညွှန်အမှာစကားပြောကြားပြီး၊ ကော့သောင်းမြို့နယ်အတွင်းရှိ အားကစားကွင်း/ရုံများနှင့် ဆောက်လုပ်ပြီးစီးခဲ့သည့် ၀န်ထမ်းအိမ်ယာများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။