နေပြည်တော်၊ ဒီဇင်ဘာ (၃၁) ရက်။
၂၀၂၀ပြည့်နှစ်၊ (၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ၀န်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများကို ယနေ့နံနက်(၈)နာရီအချိန်မှ စတင်၍ ယှဉ်ပြိုင် ကစားကြရာ ၀ဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း(၁)နှင့် (၂)ကြားတွင် လွန်ဆွဲအားကစားပြိုင်ပွဲ (အမျိုးသား)ပွဲစဉ်များအဖြစ် လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာန အသင်းနှင့် လူမှု၀န်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာနအသင်းမှ လည်းကောင်း၊ ပြည်သူ့လွှတ်တော်အသင်းနှင့် နယ်စပ်ရေးရာ၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်သူ့လွှတ်တော်အသင်းမှလည်းကောင်း၊ ပြည်ထောင်စု ရာထူး၀န်အသင်းနှင့် သံယံဇာတနှင့်သဘာ၀ပတ်၀န်း ကျင်ထိန်းသိမ်းရေး၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်ထောင်စုရာထူး၀န် အသင်းမှလည်းကောင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး၀န်ကြီးဌာနအသင်းနှင့် ဆောက်လုပ်ရေး၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေး၀န်ကြီးဌာနအသင်းမှ လည်းကောင်း၊ (အမျိုးသမီး) ပွဲစဉ်များအဖြစ် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနအသင်းနှင့် ဆောက်လုပ်ရေး ၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနအသင်းမှ လည်းကောင်း၊ ပြည်ထောင်စုရာထူး၀န်အသင်းနှင့် ရွေးကောက်ပွဲ ကော်မရှင်ရုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်ထောင်စုရာထူး၀န် အသင်းမှလည်းကောင်း၊ သံယံဇာတနှင့် သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာန အသင်းနှင့် ပြည်ထဲရေး၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ သံယံဇာတနှင့် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး၀န်ကြီးဌာနအသင်းမှလည်းကောင်း အသီးသီး အနိုင်ရရှိသွားပါသည်။
ဆက်လက်၍ ၀ဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း(၁)နှင့် (၂)ကြားတွင် ထုပ်ဆီးထိုး(အမျိုးသမီး) ပြိုင်ပွဲများအဖြစ် ပြည်ထောင်စုလွှတ်တော်အသင်းနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်ထောင်စုလွှတ်တော်အသင်းမှလည်းကောင်း၊ ပြည်သူ့လွှတ်တော်အသင်းနှင့် တိုင်းရင်းသား လူမျိုးများရေးရာ၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်သူ့လွှတ်တော်အသင်းမှလည်းကောင်း အသီးသီးအနိုင်ရရှိသွားပါသည်။
ဆက်လက်၍ TC-1တွင် ယှဉ်ပြိုင်ကစားသော ပိုက်ကျော်ခြင်း(အမျိုးသား)ပြိုင်ပွဲ ကွာတား ဖိုင်နယ်ပွဲစဉ်များအဖြစ် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန အသင်းနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနအသင်းမှလည်းကောင်း၊ ပြည်ထဲရေး၀န်ကြီးဌာနအသင်းနှင့် ဆောက်လုပ်ရေး၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်ထဲရေး၀န်ကြီးဌာနအသင်းမှလည်းကောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အသင်းနှင့် လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အသင်းမှလည်းကောင်း၊ ကာကွယ်ရေး ၀န်ကြီးဌာနအသင်းနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကာကွယ်ရေး၀န်ကြီးဌာနအသင်းမှလည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ပါသည်။
ဆက်လက်၍ ဖူဆယ်အားကစားရုံတွင် ယနေ့နံနက်(၇)နာရီအချိန်မှစတင်၍ လူမှု၀န်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနနှင့် ဆောက်လုပ်ရေး၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ လူမှု၀န်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနအသင်းမှ (၆)ဂိုး (၁)ဂိုးဖြင့် လည်းကောင်း၊ ပြန်ကြားရေး၀န်ကြီးဌာနအသင်းနှင့် သမ္မတရုံး၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြန်ကြားရေး၀န်ကြီးဌာနအသင်းမှ (၆)ဂိုး (၂)ဂိုးဖြင့် လည်းကောင်း၊ နေပြည်တော်စည်ပင်အသင်းနှင့် ပြည်သူ့လွှတ်တော်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ နေပြည်တော်စည်ပင်အသင်းမှ (၃)ဂိုး (၂)ဂိုးဖြင့် လည်းကောင်း၊ ပြည်ထဲရေး၀န်ကြီးဌာနအသင်းနှင့် ပြည်ထောင်စုရာထူး၀န်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်ထဲရေး၀န်ကြီးဌာနအသင်းမှ (၆)ဂိုး (၁)ဂိုးဖြင့် လည်းကောင်း၊ ဆက်လက်၍ ဟိုတယ်နှင့်ခရီးသွားလာရေး၀န်ကြီးဌာနအသင်းနှင့် သာသနာရေးနှင့်ယဉ်ကျေးမှု ၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဟိုတယ်နှင့်ခရီးသွားလာရေး၀န်ကြီးဌာနအသင်းမှ (၈)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း၊ လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာနအသင်းနှင့် အစိုးရအဖွဲ့ရုံး၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာနအသင်းမှ (၉)ဂိုး ဂိုးမရှိဖြင့် လည်းကောင်း၊ အတိုင်ပင် ခံရုံးအသင်းနှင့် နိုင်ငံခြားရေး၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အတိုင်ပင်ခံရုံးအသင်းမှ (၂)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ပါသည်။
ဆက်လက်၍ ၀ဏ္ဏသိဒ္ဓိအားကစားရုံ(ဃ)တွင် ဘော်လီဘော(အမျိုးသမီး)ပွဲစဉ်အဖြစ် ကာကွယ်ရေး၀န်ကြီးဌာနအသင်းနှင့် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကာကွယ် ရေး၀န်ကြီးဌာနအသင်းမှ (၂၅-၈)မှတ်၊ (၂၅-၃)မှတ်၊ (၂၅-၄)မှတ်ဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိသွားကြောင်း သတင်းရရှိပါသည်။