နေပြည်တော်၊ ဇန်နဝါရီလ (၂) ရက်။
၂၀၂၀ပြည့်နှစ်၊ (၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ၀န်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများကို ယနေ့နံနက်(၈)နာရီခွဲအချိန်မှ စတင်၍ ယှဉ်ပြိုင် ကစားကြရာ ၀ဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း(၁)နှင့် (၂)ကြားတွင် လွန်ဆွဲအားကစား (အမျိုးသား)ပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဉ်များအဖြစ် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနအသင်းနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနအသင်းမှ လည်းကောင်း၊ ကာကွယ်ရေး၀န်ကြီးဌာနအသင်းနှင့် ပြည်ထဲရေး၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကာကွယ်ရေး၀န်ကြီး ဌာနအသင်းမှ လည်းကောင်း၊ ပြည်ထောင်စုရာထူး၀န်အသင်းနှင့် ပြည်သူ့လွှတ်တော်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်ထောင်စုရာထူး၀န်အသင်းမှ လည်းကောင်း၊ လျှပ်စစ်နှင့်စွမ်းအင် ၀န်ကြီးဌာနအသင်းနှင့် တိုင်းရင်းသားလူမျိုးများရေးရာ၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာနအသင်းမှ လည်းကောင်း၊ (အမျိုးသမီး) ပွဲစဉ်များအဖြစ် ကာကွယ်ရေး၀န်ကြီးဌာန အသင်းနှင့် တိုင်းရင်းသားလူမျိုးများရေးရာ၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကာကွယ်ရေး ၀န်ကြီးဌာနအသင်းမှလည်းကောင်း၊ ပြည်ထောင်စုရာထူး၀န်အသင်းနှင့် ပြည်ထဲရေး၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်ထောင်စုရာထူး၀န်အသင်းမှ လည်းကောင်း၊ သယံဇာတနှင့် သဘာ၀ပတ်၀န်း ကျင်ထိန်းသိမ်းရေး၀န်ကြီးဌာနအသင်းနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှု၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင် ကစားကြရာ သယံဇာတနှင့်သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေး၀န်ကြီးဌာနအသင်းမှလည်းကောင်း၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနအသင်းနှင့် ပြည်သူ့လွှတ်တော်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနအသင်းမှ လည်းကောင်း အသီးသီး အနိုင်ရရှိသွားပါသည်။
ဆက်လက်၍ ၀ဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း(၁)နှင့် (၂)ကြားတွင် ထုပ်ဆီးထိုး(အမျိုးသမီး)ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် ပြည်ထောင်စုလွှတ်တော် အသင်းနှင့် ပြည်သူ့လွှတ်တော်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်ထောင်စုလွှတ်တော်အသင်းမှလည်းကောင်း၊ ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာန အသင်းနှင့် ပညာရေး၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာနအသင်းမှလည်းကောင်း အသီးသီး အနိုင်ရရှိသွားပါ သည်။
ဆက်လက်၍ ဖူဆယ်အားကစားရုံတွင် ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် ယနေ့နံနက်(၉)နာရီ အချိန်မှစတင်၍ ပြည်ထဲရေး၀န်ကြီးဌာနအသင်းနှင့် လူမှု၀န်ထမ်း ကယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်ထဲရေး၀န်ကြီးဌာနအသင်းမှ (၃)ဂိုး (၂)ဂိုးဖြင့် လည်းကောင်း၊ လျှပ်စစ်နှင့် စွမ်းအင်၀န်ကြီးဌာနအသင်းနှင့် နေပြည်တော်စည်ပင်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာနအသင်းမှ (၇)ဂိုး (၃)ဂိုးဖြင့်လည်းကောင်း၊ အသီးသီး အနိုင်ရရှိသွားကြောင်း သတင်းရရှိပါသည်။
ဆက်လက်၍ TC-1တွင် ယှဉ်ပြိုင်ကစားသော ပိုက်ကျော်ခြင်း (အမျိုးသား)ပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်များအဖြစ် ပြည်ထဲရေး၀န်ကြီးဌာနအသင်းနှင့် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်ထဲရေး၀န်ကြီးဌာနအသင်းမှလည်းကောင်း၊ ကာကွယ်ရေး၀န်ကြီးဌာနအသင်းနှင့် လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကာကွယ်ရေး၀န်ကြီးဌာနအသင်းမှ လည်းကောင်း၊ ဆက်လက်၍ တတိယလုပွဲ ပွဲစဉ်အဖြစ် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနအသင်းနှင့် လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန အသင်းမှ လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ပါသည်။
ဆက်လက်၍ ၀ဏ္ဏသိဒ္ဓိအားကစားရုံ(C)တွင် ဘော်လီဘော(အမျိုးသား) ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် ပြည်ထဲရေး၀န်ကြီးဌာနအသင်းနှင့် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်ထဲရေး၀န်ကြီးဌာနအသင်းမှ (၂၅-၂၃)မှတ်၊ (၂၅-၁၉)မှတ်၊ (၂၃-၂၅)မှတ်၊ (၂၈-၃၀) မှတ်၊ (၁၅-၁၁)မှတ်ဖြင့်လည်းကောင်း၊ ကာကွယ်ရေး၀န်ကြီးဌာနအသင်းနှင့် လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကာကွယ်ရေး၀န်ကြီးဌာန အသင်းမှ (၂၅-၄)မှတ်၊ (၂၅-၈)မှတ်၊ (၂၅-၁၁) မှတ်ဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိသွားကြောင်း သတင်းရရှိပါသည်။
အဆိုပါ အားကစားပြိုင်ပွဲများသို့ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းနှင့် တာ၀န်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရပါသည်။